ဇွန် ၁၅ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၄၁) ဦးဖြင့် စုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ဆေးရုံဝင်းအတွင်းရှိ မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ တွယ်ကပ်သစ်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း များအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ဆေးရုံဝင်းအတွင်းအပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းတို့ကို စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
ကျော်သူထက်