ဇွန် ၁၅ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအင်အား (၆၅) ဦးဖြင့် စနေနေ့အထူးစုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းအတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်း ခြင်း၊ ရေမြောင်းများအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းခေါင်မိုးပေါ် ရှိအမှိုက်များ ရှင်းလင်းခြင်း၊ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းရှိ ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်ဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။
သွင်မောင်မောင်