ဇွန် ၁၅ ရက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက် နေပြည်သူများ ပူးပေါင်းအင်အား (၉၀) ဦးဖြင့် စနေနေ့အထူးစုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ ချောင်းစပ်တစ်လျှောက် မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွင်း ချောင်းအတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိ အမှိုက်များကိုယာဉ် သုံးစီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်းတို့ကို စုပေါင်းလုပ်အား ပေးဆောင်ရွက်ကြစဉ်။
မိုးမြင့်မောင်