နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပီအက်စ်ဂျီအသင်း ဂိုးသမား ဆာဖိုနို့ဗ်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ဇွန်  ၁၆

ပီအက်စ်ဂျီအသင်းသည် အလွတ်ပြောင်းရွှေ့ခွင့်ဖြင့် ထွက်ခွာမည့် ဂိုးသမား နာဗက်စ် ၏ နေရာတွင် အစားထိုးရန် အတွက် ရုရှားကလပ် ခရန်နိုဒါ အသင်း ဂိုးသမား ဆာဖိုနို့ဗ်ကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂိုးသမား ဆာဖိုနို့ဗ်သည် ခရန် နိုဒါအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၇၅ ပွဲ ပါဝင်ကစားခဲ့ရာတွင် ဂိုးမပေးရသည့် ပွဲပေါင်း ၅၃ ပွဲ ထိရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်စွမ်းပြသနေသူဖြစ်သော ကြောင့် ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး လာမည့် ၂၀၂၉ ခုနှစ်ထိ ငါးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ 

''ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခွင့်ရလို့ အရမ်းပျော်ရွှင် မိပါတယ်။ ပီအက်စ်ဂျီအသင်းဟာ သမိုင်းကြောင်းကောင်းပြီး ကမ္ဘာ့ အကောင်းဆုံး အသင်းတစ်သင်း လည်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပီအက်စ်ဂျီအသင်း အင်္ကျီကို  ဝတ်ဆင်ပြီး အသင်းဖော်တွေနဲ့ တွေ့ခွင့်ရဖို့ မစောင့်နိုင်တော့ပါ ဘူး'' ဟု ဂိုးသမား ဆာဖိုနို့ဗ်က ပြောသည်။

လက်ရှိ ပီဆက်စ်ဂျီအသင်း တွင် အဓိက ဂိုးသမားများဖြစ် သည့် ဒွန်နာရမ်မာ၊ တီးနက်စ်တို့ ရှိနေသော်လည်း ဆာဖိုနို့ဒ်အနေ ဖြင့် ဂိုးသမား ဒွန်နာရမ်မာနှင့် သာ ဦးစားပေးနေရာတွင် ယှဉ်ပြိုင် ရမည်ဖြစ်သည်။               







သူရိန်






အခြားဆက်စပ်သတင်းများ