ဇွန် ၁၂ ရက်က မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ ဦးဖြင့် နတ်မောက်လမ်း ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းအတွင်း ပိတ်ဆို့အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ မြောင်းစပ်ရှိစည်းကမ်းမဲ့ စွန့်ပစ် အမှိုက်များသိမ်းဆည်းခြင်း၊ ရေဆင်းဖြတ်မြောင်း နှာပေါက် များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများရှင်းလင်းခြင်း၊ သံသုမာလမ်းတွင် မြက်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးဝင်းအတွင်း အမြစ်ကြွလဲပြို သစ်ပင်ခြောက်ခုတ်ထွင် ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့်မြောင်းချေး များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်