နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်ဒေါ်လာ သန်း ၇ဝ တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးများ ကမ္ဘောဒီးယား မီးရှို့ဖျက်ဆီး

အေသင် ဇွန် ၁၆

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု အရှိန်မြင့်တက်နေသည့် ကမ္ဘောဒီးယားနိုင်ငံတွင် ဇွန် ၁၅ရက် က အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး တန်ဖိုးရှိသည့် တရားမဝင် မူးယစ်ဆေးဝါး လေးတန်ကျော်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ကီတာမင်း၊ စိတ်ကြွဆေး၊ ဟီးရိုး အင်း၊ ကိုကင်းနှင့် ဓာတုဗေဒပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါးများကို အုတ်ဖိုတစ်ခုတွင် အာဏာပိုင်များက မီးရှို့ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။ 

အမျိုးသား မူးယစ်ဆေးဝါးတိုက် ဖျက်ရေး အာဏာပိုင်အဖွဲ့ (NACD)အထွေထွေအတွင်းရေးမှူး၏ ပြော ကြားချက်အရ မူးယစ်ဆေးဝါး တန် ကြေးသည် အမေရိကန်ဒေါ်လာ ၆၇ သန်းရှိပြီး တရားမဝင် မူးယစ်ဆေးဝါး အများစုသည် ရွှေတြိဂံဒေသမှ ရောက် ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ 

ကမ္ဘောဒီးယားသည် ယမန်နှစ် သြဂုတ်လ ဝန်ကြီးချုပ် ဟွန်မာနက် အာဏာရလာပြီးနောက် မူးယစ် ဆေးဝါးဖမ်းဆီးရမိမှု အရှိန်အဟုန်  မြင့်လာပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရ မိမှုသည်လည်း စံချိန်တင် မြင့်တက် လာသည်။








(ref:CNN)






အခြားဆက်စပ်သတင်းများ