နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေးများ နည်းလမ်းပေါင်းစုံဖြင့် ထုတ်လုပ်နေ

ဝါရှင်တန် ဇွန် ၁၆

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် အသွင်ပြောင်းလာနိုင်ဖွယ်ရှိသည့် ကြက်ငှက်တုပ်ကွေးရောဂါအတွက် ထိရောက်သည့် ကာကွယ်ဆေးထုတ် လုပ်နိုင်ရန် သိပ္ပံပညာရှင်များသည် နည်းလမ်းပေါင်းစုံဖြင့် ပြင်ဆင်လျက် ရှိကြောင်း  သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် တိရစ္ဆာန်မှ လူသို့ ကြက်ငှက်တုပ်ကွေး ကူးစက်မှု ပထမဆုံး  အစီရင်ခံမှုများ ထွက်ပေါ်လာပြီးနောက် ယင်းဗိုင်းရပ်စ် သည် လူအချင်းချင်း ကူးစက်လာမည်ကို ကျန်းမာရေးကျွမ်းကျင်သူများက စိုးရိမ် ပူပန်လျက်ရှိသည်။

လက်ရှိတွင် ကြက်ငှက်တုပ်ကွေး ရောဂါအတွက် ကာကွယ်ဆေး သိန်း ပေါင်းများစွာကို သိုလှောင်ထားပြီး ဖြစ်သော်လည်း နောက်ဆုံးပေါ် ကြက် ငှက်တုပ်ကွေးမျိုးကွဲကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် မသေချာသည့်အတွက် ကာကွယ်ဆေး   ထုတ်လုပ်မှုများ လျင်မြန်စွာ ချဲ့ထွင်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်နေကြောင်း ပါမောက္ခ ဖာဆင်းက ပြောသည်။

ကြက်ငှက်တုပ်ကွေးရောဂါ အမျိုး အစားများသည် H5N1 ၊ H7N9 နှင့် H9N2 တို့ဖြစ်ပြီး အဆိုပါဗိုင်းရပ်စ် မျိုးကွဲများသည် ကမ္ဘာလုံးဆိုင်ရာ ကြက်မွေးမြူရေးလုပ်ငန်းများအတွက် စီးပွား ရေးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေရုံ သာမက ကမ္ဘာတဝန်း လူထုကျန်းမာ ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း သိရသည်။








(ref:CNA)






အခြားဆက်စပ်သတင်းများ