နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ တိုက်ကြီးမြို့နယ်မွေးမြူရေးဇုန်လုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များသည် ဇွန် ၁၄ ရက် နံနက်ပိုင်း က တိုက်ကြီးမြို့နယ်၊ ချင်းကုန်း ကျေးရွာအုပ်စု၊ ခရိုင်ချင်းဆက် လမ်းမိုင်တိုင် ၃၄/၆ အနီး မြေဧရိယာဧက ၂၀၀၀ ကို တိုက်ကြီး မွေးမြူရေးဇုန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇုန်အတွင်း ရေရရှိရေးအတွက် သနပ်ချောင်း ပိတ်တမံနှင့် တမံ ပေါင်များ ဆောင်ရွက်ပြီးစီးမှု၊  ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် Box Culvert တည်ဆောက်နေမှု များကို လိုက်လံကြည့်ရှုစစ်ဆေး ကြပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ယာယီရှင်းလင်း ဆောင်တွင် တိုင်းဒေသကြီးဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ က ဇုန်အတွင်းလမ်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များ၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက် နေမှုနှင့်ဌာနအလိုက် တာဝန်ရှိသူများက လုပ်ငန်း ကဏ္ဍအလိုက် လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ မွေးမြူရေး ဇုန်ကို ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူ ဆောင်ရွက် ရသည့် လုပ်ငန်းကဏ္ဍများ အလိုက် စနစ်တကျသတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ 

အမြန်ဆုံး အကောင်အထည် ဖော် ဆောင်ရွက်ရန်၊ လုပ်ငန်း များကို ဌာနဆိုင်ရာအချင်းချင်း ဝိုင်းဝန်းညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်နှင့် လိုအပ် သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရှင်းလင်းဆောင် တည်ဆောက် နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဆက်လက်၍ တိုက်ကြီး မွေးမြူရေးဇုန်တွင် မွေးမြူရေး လုပ်ငန်း ဆောင်ရွက်မည့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကို ဇွန် ၁၄ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ခန်းမ (၃) တွင် ပြုလုပ် သည်။

အစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုက်ကြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးဇုန်တွင် လုပ်ငန်း ဆောင်ရွက်ကြမည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင်  ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ဇုန်များ ဖော်ဆောင်ရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက် အရ တိုက်ကြီးမြို့နယ်ရှိ မြေဧရိယာဧက ၂၀၀၀ ကို တိုက်ကြီး မွေးမြူရေးဇုန် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ကြီး မွေးမြူရေးဇုန်ဖော်ဆောင်ခြင်း နှင့်စပ်လျဉ်း၍ ပုဂ္ဂလိကစီးပွား ‌ရေး လုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်က ခွင့်ပြုပေးထား သည့် စိုက်ပျိုးမွေးမြူရေး မြေနေရာများပေါ်တွင် အမှန် တကယ် စိုက်ပျိုးမွေးမြူမှုများ ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယခုတက်ရောက် လာကြသည့်လုပ်ငန်းရှင် ကုမ္ပဏီ များအား လုပ်ငန်းဆောင်ရွက် ခွင့်အတွက် တတိယအကြိမ် အဖြစ် လုပ်ငန်းရှင်ကုမ္ပဏီ ၂၆  ခုအား ခေါ်ယူတွေ့ဆုံခြင်းဖြစ် ကြောင်း၊ လုပ်ငန်းရှင်၊ ကုမ္ပဏီ များအနေဖြင့်လည်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို အမြန်အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က တိုက်ကြီး မွေးမြူရေးဇုန်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုပ်ငန်းရှင်/ ကုမ္ပဏီ ၂၆ ခုက လုပ်ငန်း  အကောင်အထည်ဖော် ဆောင်ရွက်  နေမှု အဆင့်ဆင့်ကိုရှင်းလင်း   တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက မွေးမြူရေး ဇုန် အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး  ဝန်ကြီးချုပ်က တိုက်ကြီးမွေးမြူ  ရေးဇုန်တွင်ဆောင်ရွက်မည့်  လုပ်ငန်းရှင် ကုမ္ပဏီများအနေ ဖြင့်  မွေးမြူရေးဇုန်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ပေါင်းစပ် ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်ကွပ်ကဲမှုကိုခံယူပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြရန် တိုက်တွန်းလို ကြောင်း ပြောကြားသည်။








ဝင်းမင်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ