နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ ယာဉ်ဖြတ်သန်းခစတင်ကောက်ခံမှုနှင့် ယာဉ်များအဆင်ပြေစွာ ဖြတ်သန်းသွားလာမှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇွန်  ၁၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ယနေ့နံနက် ၆ နာရီက ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ သာကေတဘက်ခြမ်းရှိ ဆောက်လုပ်‌‌ရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့် တည်ဆောက်ရေးအဖွဲ့ (၄) တို့  တာဝန်ယူဆောင်ရွက် သည့် Bago River Bridge (No.3) Toll Plaza သို့သွားရောက်၍ ယနေ့စတင်ပြီး တံတားဖြတ်သန်းခ ကောက်ခံ နေမှုနှင့် မော်တော်ယာဉ်များ  သာကေတအဝိုင်းမှလည်းကောင်း၊  ရှုခင်းသာမြို့ပတ်လမ်းမှ လည်းကောင်း၊ သန်လျင်မြို့မှလည်းကောင်း၊ Toll Plaza သို့ဝင်ရောက်၍ အဆင်ပြေချောမွေ့စွာ ဖြတ်သန်း သွားလာနေမှုအခြေအနေ၊ Toll Tech Co. က တံတားဖြတ်သန်းခ စနစ်တပ်ဆင်ဆောင်ရွက်နေမှုနှင့် MyanGo Toll Application အသုံးပြုပြီး ကောက်ခံသည့်စနစ်ဆောင်ရွက်ရန် ပြင်ဆင်ထားမှု၊ Toll Plaza  ထိန်းသိမ်းရေးအဖွဲ့ရုံး တည်ဆောက်ရန် လျာထား ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က တံတား ဖြတ်သန်းခကောက်ခံရာတွင် အချိန်မြန်ဆန်စွာဖြင့် ယာဉ်ကြော ပိတ်ဆို့မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ သာကေတ  ဘက်ခြမ်း ချဉ်းကပ်တံတားဘေးရှိ ပဲခူးမြစ်အတွင်းစီးဝင်သည့် ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ယာဉ်ကြောပြမျဉ်းများနှင့် လမ်းညွှန်းအမှတ်အသား စာလုံးများ ထင်ထင်ရှားရှား ရေးဆွဲထားရန်တို့ကို  မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ ကို ဇွန် ၈ ရက်က စတင် ဖွင့်လှစ်ပြီး မော်တော်ယာဉ်များကို အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့ရာ ယနေ့ဇွန် ၁၆ ရက်မှစ၍ ယာဉ်ဖြတ်သန်းခများ ကောက်ခံခြင်း ဖြစ်သည်။ ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ ယာဉ်ဖြတ်သန်းခ များအနေဖြင့် အိမ်စီးကား သုံးတန်အောက် ၅၀၀ ကျပ်၊ ခရီးသည်တင် ယာဉ်(ငယ်)ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာ ၁၀၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်(လတ်)၊ Minibus၊ BM၊ ခရီးသည်တင် ယာဉ်(ကြီး) ၂၀၀၀ ကျပ်၊ ကုန်တင်ယာဉ်(ငယ်) ခြောက်ဘီး၊ ရှစ်ဘီး ၄၀၀၀ ကျပ်၊ ကုန်တင်ယာဉ် (ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကား ၁၂၀၀၀ ကျပ်၊ ကုန်တင်တွဲကား ၁၈ ဘီး၊ ၂၂ ဘီးတွဲကား ၂၂၀၀၀ ကျပ်၊ ကုန်တင်ယာဉ်များ (ကုန်မပါ အလွတ်ဖြစ်ပါက) ၄၀၀၀ ကျပ် ကောက်ခံမည်ဖြစ်သည်။

ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် - ၃ တည်ဆောက်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ခုံးကျော်တံတားအပိုင်း ၁၉၇၅ ပေ စုစုပေါင်း ၈၆၃၈ ပေရှိ၍ တံတားအကျယ် ၇၅ ပေဖြစ်ကာ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်လျှင် Safe Zone ငါးပေစီပါရှိသည်။ တံတား၏ ရေလမ်း ကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်၍ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။

ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့သည့်အတွက် သန်လျင် တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်း မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည် သာမက အရှေ့-အနောက်စီးပွားရေးစင်္ကြံ လမ်းမကြီးကို အသုံးပြု၍ ဘားအံ - မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြု မည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာ မည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတား တည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများ ရရှိခဲ့ ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာခဲ့ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိစေခဲ့သည့် အကျိုး ကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ရဲနန္ဒာလင်းမြင့်၊ ဓာတ်ပုံ-ကျော်သူထက်

ပဲခူးမြစ်အတွင်းစီးဝင်သည့် ရေမြောင်းရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ ယာဉ်ကြောပြမျဉ်းများနှင့် လမ်းညွှန်းအမှတ်အသားစာလုံးများ ထင်ထင်ရှားရှားရေးဆွဲထားရန် တို့ကို  မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ ကိုဇွန်လ(၈)ရက်ကစတင်ဖွင့်လှစ်ပြီးမော်တော်ယာဉ်များအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့ရာ ယနေ့ဇွန်လ(၁၆)ရက်မှစ၍ယာဉ်ဖြတ်သန်းခများကော်ခံခြင်းဖြစ်သည်။ ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ ယာဉ်ဖြတ်သန်းခများ အနေဖြင့် အိမ်စီးကား(၃)တန်အောက် ၅၀၀ ကျပ်၊ခရီးသည်တင်ယာဉ်(ငယ်)ဟိုင်းလတ်၊လိုက်ထရပ်၊ဒိုင်နာ၊ကင်တာ ၁၀၀၀ ကျပ်၊ ခရီးသည် တင်ယာဉ်(လတ်)၊Minibus ၊BM၊ခရီးသည်တင်ယာဉ်(ကြီး) ၂၀၀၀ ကျပ်၊ကုန်တင်ယာဉ်(ငယ်)၆ ဘီး၊၈ ဘီး ၄၀၀၀ ကျပ်၊ကုန်တင်ယာဉ် (ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊၁၄ ဘီး၊တွဲကား ၁၂၀၀၀ ကျပ်၊ကုန်တင်တွဲကား ၁၈ ဘီး၊၂၂ ဘီးတွဲကား ၂၂၀၀၀ ကျပ်၊ကုန်တင်ယာဉ်များ (ကုန်မပါ အလွတ်ဖြစ်ပါက) ၄၀၀၀ ကျပ်ကောက်ခံမည်ဖြစ်သည်။

ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ်-၃ တည်ဆောက်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စီမံကိန်း အကောင်အထည် ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်အနေဖြင့် မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ခုံးကျော်တံတားအပိုင်း ၁၉၇၅ ပေ စုစုပေါင်း၈၆၃၈ ပေရှိ၍ တံတားအကျယ်၇၅ ပေဖြစ်ကာ လေးလမ်းသွားတံတားဖြစ်ပြီး တစ်ဖက်လျှင်Safe Zone ငါးပေစီ ပါရှိသည်။တံတား၏ ရေလမ်းကင်း လွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်၍ သံမဏိကြိုးဆိုင်းတံတား(Cable Stayed Bridge)၊ SteelBox နှင့် PC Box အမျိုးအစားဖြစ်ကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။

ယခုကဲ့သို့ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)ကိုအောင်မြင်စွာ တည်ဆောက်ပြီးစီး ခဲ့သည့်အတွက် သန်လျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီးသီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်း ပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းမြို့နယ်များဖြစ်သည့် သန်လျင်၊ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည် ဖြစ်ကြောင်း၊သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက်စီးပွားရေးစင်္ကြံ လမ်းမကြီးကိုအသုံးပြု၍ ဘားအံ-မြဝတီအထိဆက်စပ် သွားလာနိုင်မည် ဖြစ်သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်းအကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများ နှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း၊အဆင့်မြင့် နည်းပညာဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်သည့်အတွက် မြန်မာ အင်ဂျင်နီယာများအနေဖြင့် တံတား တည်ဆောက်ခြင်းခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိခဲ့ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာခဲ့ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိစေခဲ့သည့် အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရသည်။










သတင်း-ရဲနန္ဒာလင်းမြင့်/ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ