နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၇၇) နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) တွင် အထူးပြပွဲ ကျင်းပမည်

ရန်ကုန်  ဇွန်  ၁၆

၂၀၂၄ ခုနှစ်၊ ဇူလိုင်၊ ၁၉ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁) ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် အထူးပြပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် အတက်လမ်းနှင့် အဆင်းလမ်းတွင် ယခင်နှစ်များကဲ့သို့ ဘုတ်ပြားများဖြင့် ပြသမည့်ပြကွက်၊ IT နည်းပညာဖြင့် ဗိုလ်ချုပ် အောင်ဆန်းနေအိမ်နှင့် မြေယာရှုခင်းများအား 3D Virtual Tour ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် Architecture Design များ ပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဗီရိုများအတွင်းရှိ ပစ္စည်းများ ကို ဓာတ်ပုံရိုက်ကူး၍ Mobile Application ဖြင့် ပြသမည့် ပြကွက်၊ 3D Holographic Fan ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ပြကွက်၊ နှစ်အလိုက် အထူးပွဲခင်းကျင်းပြသသည့် ဓာတ်ပုံမှတ်တမ်းများ ပြကွက်များကို Touch Screen များဖြင့် ပြသ ပေးထားမည်ဖြစ်သည်။

(၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ လာရောက်လေ့လာသူများ အဆင်ပြေစေရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများနှင့် ဗိုလ်ချုပ် အောင်ဆန်းပြတိုက် ဝန်ထမ်းများက ပြတိုက်ပတ်လည်မြေနေရာ များနှင့်  ဆင်ခြေလျှော မြေထိန်းမြေနေရာများကို မြက်ခင်းစိုက်ပျိုး ရန်အတွက် မြေပြုပြင်ခြင်း၊ မြေပြုပြင်ပြီးသော နေရာများကို မြက်စိုက်ပျိုးခြင်း၊ သစ်ပင်အောက်ခြေရှင်းခြင်း၊ မြက်ရိတ်ခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ ဝါးပင်အောက်ခြေ ရှင်းလင်းခြင်း၊ စိုက်ခင်း ရှင်းလင်းခြင်းတို့မှ ထွက်ရှိလာသော သစ်ကိုင်းများနှင့် အမှိုက်များ သိမ်းဆည်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အန္တရာယ်ရှိနိုင် သည့် သစ်ပင်ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လာရောက်လေ့လာသူ များ အမြင်လှပစေရန် မြေယာရှုခင်းဆောင်ရွက်ခြင်း၊ အာဇာနည် နေ့တွင် လာရောက်လေ့လာသူများကို ကျန်းမာရေးစောင့်ရှောက် မှုပေးရန်အတွက် ကျန်းမာရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ခြင်း စသည့် လုပ်ငန်းများကိုကြိုတင် ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် မြန်မာ့လွတ်လပ်‌ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ်      ခင်းကျင်းပြသထားခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၁၉၂၁ ခုနှစ်က အကျယ်အဝန်း ၂ ဒသမ ၄၂၃ ဧကရှိ ဘဲဥပုံသဏ္ဌာန်မြေကွက်ပေါ်တွင် အနောက်တိုင်း ဗိသုကာ ဟန်ရောနောထားသော ၂၀ ရာစု ဥရောပပုံစံဖြင့် တည်ဆောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အဆိုပါ ပြတိုက် နေရာ၌ မိသားစုနှင့်အတူ ၁၉၄၅ ခုနှစ် မေလမှ လုပ်ကြံခံရသည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်အထိ နေထိုင်ခဲ့ခြင်းဖြစ်သည်။







သတင်း-ရဲနန္ဒာလင်းမြင့်၊

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ