ရန်ကုန် ဇွန် ၁၆
ရန်ကုန်တိုင်း ဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီက တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ ကောင်းသန့်စာကြည့် တိုက်သို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယမန်နေ့ နံနက် ပိုင်းက အဆိုပါ စာကြည့်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ စာကြည့် တိုက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
လှူဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး လှူဒါန်း သော လူထုသိပ္ပံကျမ်း အတွဲ (၁၊ ၂၊ ၃၊ ၄၊ ၅) ငါးအုပ်နှင့် ရန်ကုန် တိုင်းဒေသကြီး စာကြည့်တိုက် များ ကြီးကြပ်ရေးကော်မတီက စာအုပ်စာစောင် ၅၀ အုပ် လှူဒါန်းသည်။
ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များသည် ကောင်းသန့်စာကြည့် တိုက်ရှိ စာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြော ကြားရာတွင် စာကြည့်တိုက်မှူး များအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်အား ကောင်းအောင် ကူညီပေးကြရန် စာဖတ်များပါ က အရေးအသား၊ အတွေးအခေါ် မှန်ကန်မည်ဖြစ်ပြီး စာကြည့်တိုက် ကို အလင်းရောင် ကောင်းစွာ ရရှိရေးကို ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်သည် အသိပညာ ဗဟုသုတပေးသော ဘဏ်တိုက် ကြီးဖြစ်ကြောင်း၊ လူငယ်လူရွယ် များအား စာဖတ်အားကောင်း အောင် ဆောင်ရွက်ပေးသော စာကြည့်တိုက်မှူးများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြော ကြားသည်။
ထို့နောက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင် ရွက်မှုကော်မတီ၏ ရန်ပုံငွေဖြင့် တိုက်ကြီးမြို့နယ်၊ အင်္ဂလား ရပ်ကွက်တွင် ရောင်ခြည်ဦး စာကြည့်တိုက် တည်ဆောက် မည့် အလျား ၆၀ ပေ၊ အနံ ၂၀ ပေ မြေနေရာကို ကြည့်ရှုပြီး လိုအပ်သည်များ မှာကြား သည်။
ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တိုက်ကြီး မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုကို လိုက်လံ ကြည့်ရှုသည်။ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးအောင်က ကျောင်းတွင် စက်မှုကျောင်းသား ၇၀ ဦး၊ ကျောင်းသူ ၂၀ ဦး၊ စုစုပေါင်း ၉၀ ဦး၊ စိုက်ပျိုးတွင် ကျောင်းသား ၁၇ ဦး၊ ကျောင်းသူ ၁၁ ဦး၊ စုစုပေါင်း ၂၈ ဦး၊ မွေးမြူရေး တွင် ကျောင်းသား ၁၄ ဦး၊ ကျောင်းသူ နှစ်ဦး၊ စုစုပေါင်း ၁၆ ဦးအား ပညာသင်ကြားနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များက တိုက်ကြီးမြို့နယ်၊ အုတ်ပုံကျေးရွာအုပ်စု၊ ရေတွင်း ကြီးကျေးရွာရှိ တောင်သူ ဦးစိုးနိုင် ၏ လယ်မြေ ခုနစ်ဧကတွင် Seeder ဖြင့် မိုးစပါးစိုက်ပျိုး နေမှုနှင့် ဥတိုကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာရှိ တောင်သူ ဦးတင်လှ၏ လယ်မြေသုံးဧက တွင် Seeder ဖြင့် မိုးစပါးစိုက်ပျိုး ထားမှုကို ကြည့်ရှုပြီး လိုအပ် သည်များ မှာကြားသည်။
ဝင်းမင်း (ပြန်/ဆက်)