နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်တင်ဟိုနှင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းရန် အေဗီလာအသင်း သဘောတူညီမှုရရှိ

ဇွန်  ၁၅

အေဗီလာ အသင်းသည် ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို နှစ်ဖက်သဘော တူစာချုပ် ဖျက်သိမ်းရန်အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ သဘော တူညီမှုရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကော်တင်ဟိုသည် ပြီးခဲ့သည့် ဘောလုံးရာသီက ကာတာကလပ် အယ်ဒူဟိုင်းအသင်းသို့ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကာ သွင်းဂိုး ခုနစ်ဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စာချုပ် ကုန်ဆုံးချိန်တွင် အသင်းနှင့် ပြန်လည် ပူးပေါင်းခဲ့သော်လည်း ကစားသမားအနေဖြင့် ဘရာဇီး ကလပ် ဗာစကိုဒဂါးမားအသင်း သို့ ပြောင်းရွှေ့ကစားလိုသော ကြောင့် အေဗီလာအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ နှစ်ဖက်သဘောတူ စာချုပ်ဖျက် သိမ်းရန် သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အေဗီလာ အသင်းသည် ကော်တင်ဟိုနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိ နေပြီး ကစားသမား၏ တစ်ပတ် လုပ်ခလစာ စတာလင်ပေါင် ၁၃၅၀၀၀ ခန့် ပေးချေနေရ သဖြင့် ပရီးမီးယားလိဂ်၏ ဘဏ္ဍာ ရေးစည်းမျဉ်းကို ကျော်ဖြတ်နိုင် ရန် ကော်တင်ဟိုနှင့် နှစ်ဖက် သဘောတူစာချုပ် ဖျက်သိမ်း ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ