ဇွန် ၁၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့် (၉၁) ရပ်ကွက် ပဲခူးမြစ် လမ်း(ပုဏ္ဏမီလမ်းနှင့်ကျွန်းရွှေဝါလမ်းကြား) တွင် မြက်ဖြတ်စက် နှစ်လုံးအသုံးပြု၍ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ Chain Saw တစ်လုံးအသုံးပြု၍ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်း သစ်ခက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်