ရန်ကုန်၊ ဇွန် ၁၅
ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် စုစုပေါင်း ၁၀၀ ကျော် ပါဝင်သည့် စုပေါင်းသွေးလှူဒါန်းမှုကို ဇွန် ၁၃ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား သွေးဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
MPT သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်၍ သွေးလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ချိန်မှစတင်ပြီး လေးလတစ်ကြိမ် သွေးလှူဒါန်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ၏ စုပေါင်းအားဖြင့် လက်ရှိ အချိန်အထိ သွေးအိတ်ပေါင်း ၁၂၀၄၈ ကို လှူဒါန်းခဲ့ပြီးဖြစ်ပြီး ယခု တစ်ကြိမ် အလှူရှင် ၁၀၀ ကျော်မှ လှူဒါန်းသည့် သွေးအိတ်များကို အမျိုးသားသွေးဌာနသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)