နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်

သွေးလွန်တုပ်ကွေးရောဂါသည် ဗဟိုအမေရိက၊ တောင် အမေရိကနှင့် အာရှတွင်  လျှင်မြန်စွာ  ပျံ့နှံ့လျက်ရှိ‌ကြောင်း ထိုင်းနိုင်ငံ  ရောဂါထိန်းချုပ်ရေးဌာနက  အသိပေးထားသည်။ မိုးရာသီအတွင်း  သွေးလွန်တုပ်ကွေးရောဂါသည်  လာမည့် လေးလအတွင်း ထပ်မံကူးစက်နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ထား သည်။ ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ပိုများလာကြောင်း ၂၀၂၃ ခုနှစ်တွင် ၁၆၀၀၀၀ နီးပါး ကူးစက်ခံခဲ့ရကြောင်း ယခင်နှစ်ထက် သုံးဆမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်တတ် သော ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သည်။ သွေးလွန်တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်လေးမျိုး ရှိကြောင်း ‌အေးဒီးခြင်ကျားသည် ရောဂါရှိသူထံမှ သွေးကိုစုပ်ယူပြီး အခြားတစ်ဦးကို ထပ်မံကိုက်ရာ ကူးစက်နိုင်သည်။

သွေးလွန်တုပ်ကွေးရောဂါ ပိုးကူးစက်ခံရသော ကလေးများတွင် အများအားဖြင့် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် ရိုးရိုးဖျားခြင်း ကဲ့သို့ သာမန်ရောဂါလက္ခဏာသာ ရှိသည်။ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပါက ခေါင်းကိုက်ခြင်း၊ ကြွက်သားများနှင့် အရိုးအဆစ် များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မျက်လုံးအနောက်ဘက်မှ နာကျင်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း နှင့် အရေပြားတွင် အနီရောင်အဖုအပိမ့်များ ထွက်ရှိခြင်းကိုခံစားရ ကြောင်း ကျန်းမာရေးဆရာဝန်များက အသိပေးထားသည်။

မိုးရာသီတွင် ခြင်ကျား၊ ပိုးလောက်လမ်းသည် ရေကြည်ရေသန့် ရေတင်ကျန်နိုင်သည့် ဘူးခွက်၊ တာယာဟောင်းများထဲတွင် အလွယ် တကူ ပေါက်ပွားနိုင်ခြင်းကြောင့် မိမိအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားနိုင်သော နေရာများမရှိစေရန် ဆောင်ရွက်ခြင်း၊ စွန့်ပစ် ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ခြင်ခိုအောင်းနိုင်သော ချုံနွယ် များ ရှင်းလင်းခြင်း၊ ရေစည်ရေအိုးများ၊ ရေကန်များ သေချာစွာ ဖုံးအုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပုံမှန်ဆောင်ရွက်ကြရမည် ဖြစ်သည်။

ခြင်ကျားသည်  နေ့ဘက်တွင်  ပိုကိုက်တတ်၍ သွေးလွန် တုပ်ကွေးမဖြစ်စေရန် မည်သည့်အချိန်တွင်အိပ်အိပ် ခြင်ထောင်ဖြင့် အိပ်ရပါမည်။ ဆေးစိမ်ခြင်ထောင် အသုံးပြုပါက ပို၍ကောင်းသည်။ 

သို့ဖြစ်ရာ သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်ရန် ခြင်နှိမ်နင်း ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပိုးလောက်လမ်းဘဝ တွင် နှိမ်နင်းခြင်းက ထိရောက်ရာ ရပ်ရွာနေအများပြည်သူများက ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်ရွာသန့်ရှင်းရေးကို အလေးထားပူးပေါင်း ပါဝင်ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ရပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ