ရန်ကုန် ဇွန် ၁၅
မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းက ကြီးမှူးကျင်းပသော ဘွန်ဇိုင်း (သက်ကြီးပုပင်) နှစ် ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်အတွင်းရှိ အသင်းရုံး ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီက စတင်ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ နိုင်ငံ ပန်းဝါသနာရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာစောလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အသင်းဗဟိုအလုပ် အမှုဆောင် ဘွန်ဇိုင်းပညာရှင် များက ဦးဆောင်ကာ လက်တွေ့ သရုပ်ပြ ဆွေးနွေးတင်ပြကြ သည်။ (ပုံ)
အလုပ်ရုံဆွေးနွေးပွဲသို့ အသင်းဗဟိုအမှုဆောင်များ၊ မြို့တော်စည်ပင်ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနဝန်ထမ်း များအပါအဝင် ဘွန်ဇိုင်းဝါသနာ ရှင်များ တက်ရောက်လေ့လာ ကြသည်။
(မြို့တော်သတင်း)