ရန်ကုန် ဇွန် ၁၅
ရန်ကုန်မြို့တော်ဘဏ် လီမိတက် ဒါရိုက်တာအဖွဲ့ (၃/၂၀၂၄-၂၀၂၅) အစည်းအဝေး ကို ယမန်နေ့ ညနေ ၃ နာရီက မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ၊ ရန်ကုန်မြို့တော် ဘဏ်လီမိတက်ဥက္ကဋ္ဌဒုတိယ မြို့တော်ဝန် ဦးညီညီ၊ ရန်ကုန် မြို့တော်ဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ရန်ကုန်မြို့တော်ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးကျော်သန်းနှင့် ဒါရိုက်တာ များ၊ သီးခြားလွတ်လပ်သော ဒါရိုက်တာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ မြို့တော်ဘဏ် လီမိတက်ဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန်က “ရန်ကုန်မြို့တော် ဘဏ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင် ရွက်မှုများအပေါ် ပြန်လည်သုံး သပ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်အတွင်း ဘဏ်လုပ်ငန်း များ တိုးတက်အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း” ပြောကြားပြီး၊ ရန်ကုန်မြို့တော် ဘဏ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် မေ ၃၁ ရက်အထိ ဘဏ္ဍာရေးနှင့် ငွေကြေးအခြေ အနေများကို တင်ပြရာတွင် “ဝင် ငွေနှင့် အသုံးစရိတ်အခြေအနေ၊ အပ်နှံငွေအခြေအနေ၊ ချေးငွေ အခြေအနေ၊ ငွေတိုက်လက်မှတ် များ၊ အခြားဘဏ်များတွင် Fixed Deposit ငွေအပ်နှံ စုဆောင်းခြင်း၊ ဘဏ်အချင်း ချင်းထုတ်ချေးခြင်း၊ ငွေလက် ကျန်အခြေအနေ၊ အခြားရပိုင် ခွင့်များ၊ အခြားပေးရန် တာဝန် များ၊ စုစုပေါင်း ရပိုင်ခွင့်နှင့်ပေး ရန်တာဝန်အချိုး၊ မတည်ရင်းနှီး ငွေ၊ မတည်ငွေရင်းလုံလောက်မှု အချိုး၊ သီးသန့်ရန်ပုံငွေလျာ ထားချက်၊ ပျက်ကွက်ချေးငွေ များ” တို့ကိုတင်ပြ၍ “ငွေကြေး လွယ်ကူမှု ခံနိုင်ရည်စစ်ဆေး ချက် Liquidity Stress Test” အရဘဏ်သည် ကောင်းမွန်သည့် ငွေကြေး လွယ်ကူမှုအခြေအနေ ရှိကြောင်း” တင်ပြသည်။
ဆက်လက်၍ ရန်ကုန်မြို့ တော်ဘဏ်လီမိတက်အထွေထွေ မန်နေဂျာဦးထွန်းလှကချေးငွေ ဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ အထွေထွေမန်နေဂျာ ဒေါ်မီမီလှိုင်က အထွေထွေကိစ္စ ရပ်များကိုလည်းကောင်း ရှင်း လင်းတင်ပြရာ မြို့တော်ဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အပြန်အလှန် ဖြည့်စွက်ဆွေးနွေးကြပြီး ဘဏ် ဒါရိုက်တာ အဖွဲ့အစည်းအဝေး သို့တင်ပြသည့် အမှာစာ ခုနစ် စောင်အပေါ် ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းတင် ခြင်းများ ဆောင်ရွက်ကြသည်။
သတင်း - သွင်မောင်မောင်
ဓာတ်ပုံ - ကျော်သူထက်