ရန်ကုန် ဇွန် ၁၅
၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲ တွင် တံခွန်စိုက်ဆုဖလား ဆုရရှိ ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ရေကူးအဖွဲ့အား ဂုဏ်ပြုသည့် ဂုဏ်ပြုပွဲအခမ်းနားကို ယမန် နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်ရှိ၊ ပဒေသာအားကစား ခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီးအစိုးရ အဖွဲ့လူမှုရေး ရာ ဝန်ကြီးဦးဌေးအောင်နှင့်
တာဝန်ရှိသူများ၊ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ရေကူးအားကစား အဖွဲ့မှ ဆုရအားကစားသမား တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး ရေကူးအားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရေကူးအသင်း အုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။
၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ဇွန် ၁၂၊ ၁၃ ရက်နေ့များ တွင်ကျင်းပရာ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁) ခုမှ ရေကူး အားကစားသမား (၁၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ရန်ကုန် တိုင်းဒေသကြီး ရေကူးအသင်းအနေဖြင့် အမျိုးသားတံခွန်စိုက်ဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆုအပြင်၊ အမျိုးသား၊ အမျိုးသမီးအကောင်း ဆုံး အားကစားဆုများကိုပါ ရရှိသည်။
အောင်မြင့်(ပြန်/ဆက်)