နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး စနေနေ့အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကြည့်ရှုအားပေး

ရန်ကုန် ဇွန် ၁၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းများ၌ သန့်ရှင်းသာယာလှပစေရေးအတွက် စနေနေ့အထူး စုပေါင်းလုပ် အားပေးဆောင်ရွက်နေမှုများတို့ကို ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့မှဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၂၀၀) ဦးဖြင့် မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းအဆောက်အဦနှင့်မလွတ် ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တွယ်ကပ် ပင်များ ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေစည်၊ ရေကန်များ အဘိတ် ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းများ ဆောင်ရွက်နေမှု တို့ကိုကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်း လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)က  ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ “ရေ မြောင်းထဲသို့ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်” စာသားပါ အသိပေးဆိုင်းဘုတ် စိုက်ထူနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ရေမြောင်းများ၊ ချောင်းများအတွင်းသို့ အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) အခန်း (၂၉) တားမြစ်ချက် ပုဒ်မ ၃၁၇  ပုဒ်မခွဲ (ခ) တွင် ပြဌာန်းထားသည့် “မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်နှင့်မြစ် ထွက်ပေါက် များ၊ ချောင်းများအတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများစီးဝင်စေ ခြင်း၊ စွန့်ပစ်ခြင်း၊ ပိတ်ဆို့စေခြင်းမပြုရ” ဟူသည့် တားမြစ်ချက်ကို ကျူးလွန်ပါက “ငွေဒဏ်ကျပ် ၅ သောင်းမှကျပ် (၃) သိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် (၃) လ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟူသော ပြစ်ဒဏ်သတ်မှတ်ချက်ကို ပြည်သူများ သိရှိလိုက်နာပြီး မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေ လာကောင်းမွန်စေရေးတို့အတွက် ရန်ကုန်မြို့ရှိချောင်း၊ မြောင်းများ အနီး တားမြစ်အသိပေးနှိုးဆော် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ စာတန်း များ ချိတ်ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၈) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့မှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၂၇၀) ဦးဖြင့်လည်း ကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ညောင်ကျေးရွာ၊ ပိတောက်လမ်းရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ် ရေးမှူးတို့မှဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၄၅၀)ဦး ဖြင့်လည်းကောင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းရှေ့ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက် နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ် ခြင်း၊ ကျောင်းရှိရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။








သတင်း - သွင်မောင်မောင်/ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ