ဇွန် ၁၁ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၇ ဦးဖြင့် အမှတ် (၇) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း (ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ရွဲလမ်းကြား)အတွင်း အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ရေဆေးချေးချွတ်ခြင်း၊ ရေမြောင်း အတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်း၍ သန့်ရှင်း ရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို မော်တော်ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်း၊ အမှတ် (၅/၇) ရပ်ကွက်၊ ဗိုလ်ရွဲလမ်းရှိ ယာဉ်ရပ်နားနေရာ ဦးထားသော ကားတာယာ အဟောင်းနှင့် လမ်းအတားအဆီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ကမ်းနားလမ်းရှိ စည်းကမ်းမဲ့ ကြော်ငြာများ ဖြုတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ကျော်သူထက်