နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမဝါယမကောလိပ်ဝင်း(ဖောင်ကြီး)၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်  ဇွန်  ၁၅

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်ဝင်းအတွင်း ယမန်နေ့ နံနက်က ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ တပ်မတော်အရာရှိကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဝန်ထမ်းများ၊ သမဝါယမကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အား ၁၂၆၄ ဦးဖြင့် ပျိုးသက် နှစ်နှစ်နှင့်အထက် အပင်အမြင့် နှစ်ပေနှင့် အထက်ရှိသော ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ခရေ၊ မာလာလူးကားနှင့် ပျဉ်းမ စုစုပေါင်း သစ်မျိုးကိုးမျိုး၊ ပျိုးပင် ၆၂၇၃ ပင်ကို စုပေါင်းစိုက်ပျိုးကြသည်။

ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လူထုဖြန့် ပျိုးပင်ပေါင်း ၄၅၀,၀၀၀ ကို ၂၀၂၄ ခုနှစ် မိုးရာသီတွင် ဆက်လက်၍ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ် ကြောင်း သိရသည်။                                                     








CN/MNA






အခြားဆက်စပ်သတင်းများ