ဇွန် ၁၄
ဒေါ့မွန်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲ အဆင့် တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ တာဇစ်နှင့် လမ်းခွဲခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၄၁ နှစ်အရွယ်ရှိ နည်းပြ တာဇစ်သည် ဒေါ့မွန် အသင်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းနှင့် အတူ ပထမဆုံး ဘောလုံးရာသီ ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီတွင် ရလဒ်ကောင်းများရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂျာမန်ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးနိုင်ရန် နီးစပ်ခဲ့ပြီး အဆင့် ၂ တွင် ရပ်တည်နိုင်ခဲ့ သည်။
အလားတူ တာဇစ်သည် ယခုနှစ် ဘောလုံးရာသီ ချန်ပီယံ လိဂ်ပြိုင်ပွဲတွင်လည်း ဒေါ့မွန် အသင်းအား ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့ကာ ရီးရဲလ်မက်ဒရစ်အသင်း ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပြီး အသင်းအနေဖြင့် ဘွန်ဒက်စ်လီဂါဖလားပြိုင်ပွဲတွင် အဆင့် ၅ နေရာ၌ ရပ်တည်ခဲ့ပြီး နောက် ဒေါ့မွန်အသင်းနှင့် နှစ်ဖက်သဘောတူ လမ်းခွဲခဲ့ ခြင်းဖြစ်သည်။
နည်းပြ တာဇစ်သည် ဒေါ့မွန် အသင်းအား နှစ်ရာသီ တာဝန် ယူကိုင်တွယ်ခဲ့ရာ ၅၅ ပွဲနိုင်၊ ပွဲ ၂၀ သရေနှင့် ၂၁ ပွဲ ရှုံးရလဒ်ရရှိ အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
သူရိန်