နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖိုဒန်ကို လုပ်ခလစာ နှစ်ဆတိုးမြှင့်၍ သက်တမ်းတိုးရန် မန်စီးတီးအသင်း ကမ်းလှမ်း

ဇွန်  ၁၄

မန်စီးတီးအသင်းသည် တစ်ပတ်လုပ်ခလစာ စတာလင် ပေါင် ၂၀၀,၀၀၀ ရရှိနေသည့် တောင်ပံကစားသမား ဖိုဒန်အား လုပ်ခလစာ နှစ်ဆတိုးမြှင့်၍ သက်တမ်းတိုးရန် ဆုံးဖြတ်ထား ပြီး လာမည့်နှစ် ဘောလုံးရာသီ မစတင်မီ လက်မှတ်ရေးထိုးရန် ကြိုးပမ်းမည်ဖြစ်ကြောင်း သိရ သည်။

အသက် ၂၄ နှစ်အရွယ်ရှိ တောင်ပံကစားသမား ဖိုဒန် သည် ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် သွင်းဂိုး ၁၉ ဂိုးနှင့် ဂိုးဖန်တီးမှု ရှစ်ကြိမ်ထိပြုလုပ်၍ ခြေစွမ်းပြသနိုင်ခဲ့ကာ ပြိုင်ပွဲစုံ သွင်းဂိုး ၂၇ ဂိုးထိ သွင်းယူနိုင်ခဲ့ သောကြောင့် ပရီးမီးယာလိဂ် တစ်နှစ်တာအကောင်းဆုံး ကစား သမားဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက်  မန်စီးတီးအသင်းက လုပ်ခလစာ နှစ်ဆ တိုးမြှင့်ကာ သက်တမ်း တိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မန်စီးတီးအသင်း တွင် တိုက်စစ်မှူး ဟာလန်းနှင့် ကွင်းလယ်ကစားသမား ဒီဘရိုင်း တို့မှာ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၃၇၅,၀၀၀ ရရှိ‌ နေသဖြင့် အသင်း၏ လစာ အများဆုံးအဖြစ် ရပ်တည်နေ သော်လည်း ဖိုဒန်အနေဖြင့် အသင်းနှင့် သက်တမ်းတိုးစာချုပ်  ချုပ်ဆိုပြီးပါက လုပ်ခလစာ အများဆုံးကစားသမား ဖြစ်လာ မည်ဖြစ်ပြီး အင်္ဂလန်ကစားသမား များထဲတွင်လည်း တစ်ပတ်လုပ် ခလစာ အများဆုံးဖြစ်လာမည် ဖြစ်သည်။

ဖိုဒန်သည် မန်စီးတီးအသင်း နှင့် လာမည့် ၂၀၂၇ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ဘာစီလိုနာ အသင်းက ခေါ်ယူရန် ကြိုးပမ်း နေသဖြင့် အသင်းတာဝန်ရှိသူ များက ၎င်းကို ဆက်လက် ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။                       








သူရိန်






အခြားဆက်စပ်သတင်းများ