နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါကာလတွင် ပြင်သစ်အစိုးရအဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုကို တရားရုံး စုံစမ်းစစ်ဆေးနေ

ပါရီ   ဇူလိုင်    ၄


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် ပြင်သစ်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုကို တရားရုံးက စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ သမဂ္ဂအဖွဲ့များနှင့် ဆရာဝန်များ၏ တိုင်ကြားမှုကြောင့် ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများတွင် ရာထူးမှ နုတ်ထွက်စာတင်ထားသည့် ဝန်ကြီးချုပ် အီဒေါက်ဖီးလစ်အပါအဝင် ထိပ်တန်းအရာရှိသုံးဦးကို အဓိကပစ်မှတ်ထားလျက်ရှိသည်။ ပြင်သစ်အစိုးရအဖွဲ့ကို သုံးနှစ်ကြာ ဦးဆောင်ခဲ့သည့် အီဒေါက်ဖီးလစ်မှာ ပြီးခဲ့သည့်သောကြာနေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ သို့သော် ပြင်သစ်အစိုးရအဖွဲ့သစ် မဖွဲ့စည်းနိုင်မီအချိန်အထိ ဆက်လက်တာဝန်ယူရဦးမည်ဖြစ်သည်။


ပြင်သစ်အစိုးရမှာ ကပ်ရောဂါကာလတွင် ဆေးပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ အီဒေါက်ဖီးလစ်က ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြည်သူ့ ဥပဒေတရားရုံးက ကပ်ရောဂါကာလအတွင်း အစိုးရအဖွဲ့၏ ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းကို စုံစမ်းစစ်ဆေး သွားမည်ဟု ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၂၆၇၃ ယောက်ရှိပြီး လူ ၂၉၈၇၅ ယောက်သေဆုံးခဲ့သည်။ ပြင်သစ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အစိုးရ၏ တုံ့ပြန်လှုပ်ရှားမှုများတွင် အခရာကျခဲ့သည့် အသက် ၅၅ နှစ်အရွယ် ယန်းကာစတက်ဖြစ်သည်။                                                                                                           


KNT






အခြားဆက်စပ်သတင်းများ