ရန်ကုန်၊ ဇွန် ၁၄
အာဇာနည်နေ့ အခမ်းအနားကျင်းပစဉ် အများပြည်သူ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးတို့ အတွက် အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ထရန်စဖော်မာ များ ဝန်အားတိုင်းတာစစ်ဆေးပြီး ထရန်စဖော်မာဝန်းခြံ ချုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဇွန် ၁၃ ရက်၊ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၆.၆ ကေဗွီ မြေပဒေသာ - ဗိုလ်ချုပ်ဖီဒါ (ကန်ပတ်လမ်းတစ်လျှောက်)တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်လျှပ်စစ် အင်ဂျင်နီယာက ကြီးကြပ်၍ ယင်းမြို့နယ်လျှပ်စစ်မန်နေဂျာ၊ လျှပ်စစ် အင်ဂျင်နီယာနှင့် ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ချစ်ဆောင်(YESC)