ရန်ကုန်၊ ဇွန် ၁၄
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂ လ ရာသီပွဲတော် များအနက် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ ဇွန် ၂၁ ရက် (သောကြာနေ့) နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ မဟာသမယ အခါတော်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါနေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးကို နံနက် ၅ နာရီခွဲတွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း နံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲ တွင် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များတန်ဆောင်း တွင် မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်း၊ မဟာသမယနေ့ ဖြစ်ပေါ် လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယအုပ်စု(၂)စု ခွဲ၍ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို လက်ယာရစ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်သည့် အခမ်းအနားကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင် တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်းတီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်၍ ရဟန်းရှင်လူပြည်သူများ ပါဝင်ကုသိုလ် ပြုနိုင်ရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နှိုးဆော်ထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)