ရန်ကန် ဇွန် ၁၄
မိုးတွင်းကာလ ရာသီဥတုအပူချိန်လျော့ကျလာခြင်းကြောင့် ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းများတွင် ဆင်စီးခွင့်ကို ဆင်စခန်း ဖွင့်ချိန် ၉ နာရီ မှ ညနေ ၅နာရီခွဲအထိ တိုးမြှင့်ထားသည်။
ပြည်မြို့ရှိ အပန်းဖြေဆင်စခန်းများတွင် နွေရာသီကာလက ရာသီဥတုအပူချိန်များခြင်းကြောင့် ဆင်စီးချိန်ကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခေတ္တရပ်နားထားသော်လည်း လက်ရှိတွင် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆင်စီးချိန် ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်။
လက်ရှိမိုးကာလ ကျောင်းဖွင့်ရာသီတွင် ဆင်စခန်းများသို့ လာရောက်လည်ပတ်သူနည်းပါးသော်လည်း အများပြည်သူရုံးပိတ် ရက်ဖြစ်သည့် စနေ၊တနင်္ဂနွေကဲ့သို့ရက်များတွင် လူ ၄၀ မှ ၅၀ ဝန်းကျင် လာရောက်ကြောင်း သိရသည်။
ပြည်မြို့တွင် နတ်မှော်ဆင်စခန်း နှင့် သီရိခေတ္တရာဆင်စခန်း တို့ကို ဖွင့်လှစ်ပေးထားပြီး သီရိခေတ္တရာဆင်စခန်းကို ပျူမြို့ဟောင်း အတွင်း ဆင်စီးပြီးလည်ပတ်နိုင်ရန် စီစဉ်ပေးထားကာ ဆင်စီးခ အဖြစ် ခရီးတို ကျပ် ၅၀၀၀ ၊ခရီးရှည် ကျပ် ၁၀,၀၀၀ သတ်မှတ် ထားသည်။
(008)