နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များစိုက်ပျိုးနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် ဇွန် ၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ရှိ မြို့နယ် ၃၃ မြို့နယ်အတွင်း  ၂၀၂၄ ခုနှစ် မိုးရာသီကာလတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနက သစ်ပင်များစိုက်ပျိုး နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၂) ၌ ပြုလုပ်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာန ဌာနမှူး  (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးကိုကို လင်း၊ စီမံရေးရာဌာနနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာန ဒုတိယဌာနမှူးများ၊ ခရိုင်မှူးများ၊ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစီအစဉ်အရ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေက အမှာစကား ပြောကြားရာတွင် “ရပ်ကွက် အတွင်းလမ်းများ မြေလွတ်၊ မြေကွက်လပ်များပါ မကျန် သစ်ပင်များ စိုက်ပျိုးနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့ ခြံဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးလိုပါက       ဌာနအနေဖြင့် ကူညီဆောင်ရွက် ရန်၊ ရပ်ကွက်များအတွင်းရှိ အန္တရာယ်ရှိ အပင်ကြီးများကို ဖြတ်ညှိပုံသွင်း အလင်းဖွင့်နိုင် ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူး‌ပေါင်းဆောင်ရွက် ရန်နှင့် ခရိုင်မှူးများ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး များနှင့် မြို့နယ်တာဝန်ခံများ အနေဖြင့် လုပ်ငန်းများဆောင်ရွက် ရာတွင် ကြန့်ကြာမှုမရှိစေရေး  အချိန်နှင့်တပြေးညီ ဆောင်ရွက် သွားရန်” တို့ကို မှာကြားသည်။

ထို့နောက် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာန မှူး  ဦးကိုကိုလင်းက ပြည်သူများ သစ်ပင်များ စိုက်ပျိုးလိုပါက  လှိုင်သာယာပျိုးခြံ၊ ၆ မိုင်ခွဲပျိုးခြံ၊ ပြည်သူ့ရင်ပြင်ပျိုးခြံနှင့် အခြား ပျိုးခြံများမှ ပျိုးပင်များထုတ်ပေး သွားမည်ဖြစ်‌ကြောင်း ပြောကြား ပြီးနောက် တက်ရောက်လာကြ သူများက ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြရာ အတွင်း ရေးမှူးက လုပ်ငန်းလိုအပ်ချက် များကို သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ 








သတင်း/ဓာတ်ပုံ-မိုးဝေ






အခြားဆက်စပ်သတင်းများ