ရန်ကုန် ဇွန် ၁၄
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေသည် ကော်မတီဝင်များ၊ ဌာနမှူး များနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ပိုင်းက မြောက်ဥက္ကလာပ မြို့နယ်၊ (ဆ) ရပ်ကွက်၊ ခေမာသီလမ်းနှင့် မေဓါဝီ လမ်းဆုံရှိ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး (မေဓါဝီ ဆေးရုံ) သို့သွားရောက်၍ ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ရှေးဦးစွာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကောမတီ အတွင်းရေးမှူးနှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် မြောက်ဥက္က လာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ ခေမာသီလမ်းနှင့်မေဓါဝီလမ်း ဆုံရှိ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီး (မေဓါဝီဆေးရုံ) သို့သွားရောက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံနှင့် အတူ ဆေးရုံအဝင်ပေါက် လမ်းဘေးရေမြောင်းနှင့် ဆေးရုံ ရှေ့ရွှေလှေချောင်းအတွင်းစီးဝင် သည့် ရေနုတ်မြောင်း ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအဝင်လမ်းဘေး ကျဉ်းနေ သည့် လမ်းဘေးရေနုတ်မြောင်း နှင့် မြေအောက်မြောင်းများ ရေစီးဆင်းမှု ကောင်းမွန်စေရန် အတွက် ချဲ့ထွင်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် အတွင်းရေးမှူး နှင့်အဖွဲ့သည် ဆေးရုံကြီးဝင်း အတွင်း စည်ပင်သာယာ ဝန်ထမ်းအင်အား ၁၀၀ ဦးဖြင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်းနှင့် အုပ်မိုးကိုင်း များ ဖြတ်ညှိပုံသွင်းအလင်းဖွင့် ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ အတွင်းရေးမှူး နှင့်အဖွဲ့သည် ဆေးရုံကြီးဝင်း အတွင်းရှိ သင်္ခါရလမ်းဘေး ကြာကန် ရေစုကန်အတွင်း Excavator ယန္တရားယာဉ်ဖြင့် ရေစုကန်ပတ်လည် သပ်ရပ်မှု ရှိစေရန် အမှိုက်၊ ဒိုက်နှင့် နုန်း များ ဆယ်ယူရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေစုကန်မှ သုနန္ဒာချောင်းအတွင်း သို့စီးဝင်သည့် ရေမြောင်း တစ်လျှောက် ဆက်လက်ဆယ်ယူ ရှင်းလင်း ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
သတင်း-မိုးဝေ
ဓာတ်ပုံ-ကျော်သူထက်