ရန်ကုန် ဇွန် ၁၄
စက်မှုလုပ်ငန်းနှင့် စက်မှု ဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက် သည့် ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၁ ရက်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် စက်မှုဇုန် ဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ချမှတ်ထား သည့် စီးပွားရေးဦးတည်ချက် တွင် ပါဝင်နေသည့် “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် အတိုင်း စက်မှုဇုန်အလိုက် ပို့ကုန် တိုးမြှင့်ထုတ်လုပ်တင်ပို့ နိုင်ရေးအတွက် MSME လုပ်ငန်း များနှင့် စက်မှုဇုန်အတွင်းလုပ်ငန်း များ ချိတ်ဆက်ဆောင်ရွက်စေ ရေး စနစ်တကျစီမံဆောင်ရွက် သွားရမှာဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှု ဇုန် ၂၉ ဇုန်အနေဖြင့် စက်မှုဇုန် ဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်း ချက်များနှင့်အညီ ရွေးချယ် ဖွဲ့စည်း ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်
ရန်ကုန်တိုင်းဒေသကြီး ဒေသ ဆိုင်ရာကော်မတီ၊ သက်ဆိုင်ရာ ဌာနများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အတွင်းရေး မှူး ဦးညီညီမင်းက စက်မှုဇုန် နည်းဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရန်ကုန် တိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော် ကျော်ညွန့်က စက်မှုလုပ်ငန်း နှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့ဆက်လက်ရွေးချယ် ဖွဲ့စည်းဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အခမ်းအနား တက်ရောက်သူများက စက်မှု လုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက နိဂုံးချုပ်စကား ပြောကြားသည်။
ဝင်းမင်း
(ပြန်/ဆက်)