ဇွန် ၁၂ ရက်က မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်း အင်အား ၂၀ ဦးဖြင့် ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်း (မလွှကုန်းလမ်းမှ ကျောက်မြောင်းလမ်းအထိ) စည်းကမ်းမဲ့စွန့်ပစ် အမှိုက်များသိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း အတွင်း ပိတ်ဆို့အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ရေဆင်းဖြတ်မြောင်း နှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီး ဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်