နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ရန်ကုန်  ဇွန်  ၁၄

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၀၂၃/၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ရှိ အနော်ရထာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးချုပ် ကျော်ဇံမြင့်(ငြိမ်း)နှင့် ရန်ကုန် တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တက်ရောက် ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့ နာယက တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့သို့ ချီးမြှင့်ငွေများနှင့် ဆန်အိတ်များ ပေးအပ်ရာ ၎င်းတို့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး (စည်ပင်အတွင်း) စစ်မှုထမ်း ဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်ကို(ငြိမ်း) က လက်ခံရယူသည်။

ဆက်လက်၍ တိုင်းမှူးက စားသောက်ကုန်များကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး (စည်ပင်ပြင်ပ) စစ်မှုထမ်းဟောင်းကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ရန်နိုင်ဦး(ငြိမ်း)က လက်ခံရယူသည်။

ထို့နောက် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် တွဲဖက်အတွင်းရေးမှူး(၂) ဗိုလ်မှူးချုပ် ကျော်ဇံမြင့်(ငြိမ်း)က ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့သို့  ငွေကျပ် သိန်း ၃၀၀ နှင့် ဆန်အိတ် ၅၀၀၊ ကြက်ဥအလုံး ၃၀၀၀၊ ဆီ ၇၅ ပိဿာ၊ ကြက်သွန်နီ ၂၅၀ ပိဿာ၊ အာလူး ၃၀၀ ပိဿာ ပေးအပ်သည်။                                               








ဝင်းမင်း (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ