ရန်ကုန် ဇွန် ၁၄
(၇၇)နှစ်မြောက် အာဇာနည် နေ့တွင် အများပြည်သူအား ဖွင့်လှစ်ပြသမည့် ဗိုလ်တထောင် မြို့နယ်ရှိ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုများကို ယမန်နေ့ နံနက် ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး)၏ ပြတိုက်အတွင်း နိုင်ငံ့ ခေါင်းဆောင်များ၏ ဓာတ်ပုံများ နှင့် ၎င်းတို့၏ အတ္ထုပ္ပတ္တိအကျဉ်း များ၊ နိုင်ငံတော်ကထုတ်ပြန်ထား သည့် သတင်းအချက်အလက် များ ပြသထားရှိမှု၊ လွှတ်တော် ကျင်းပသည့်အခန်း၊ ဓာတ်ပုံ များ ပြသထားရှိမှု၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ သည့် အစည်းအဝေးပြုလုပ်သော အခန်းနှင့် အတွင်းဝန်ရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်း လင်း တင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အတွင်းဝန်ရုံး အတွင်း သန့်ရှင်းသာယာသပ်ရပ် ရေးနှင့် လိုအပ်သည်များ မှာကြား သည်။
ဝင်းမင်း (ပြန်/ဆက်)