နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးအတွင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ ကြပ်မတ်ဆောင်ရွက်

ရန်ကုန် ဇွန် ၁၃

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေသည် အင်ဂျင် နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲ မှု)၊ ဌာနမှူး ဦးအေးကျော်အောင် နှင့် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲက မြောက်ဥက္ကလာပ မြို့နယ်၊ မေဓါဝီလမ်း၊ မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး (မေဓါဝီဆေးရုံ) သို့ သွားရောက် ၍ ယမန်နေ့ညက မိုးသည်းထန် စွာရွာသွန်း၍ ရေဝင်ရောက်ခဲ့မှု အခြေအနေနှင့် ရေဖောက်ထုတ် ရှင်းလင်းထားမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။

ရှေးဦးစွာ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်း၍ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့် အရိုးကုသဆောင်သို့ သွားရောက် သည့် စင်္ကြံလမ်းတစ်လျှောက် ရေဖောက်ထုတ်နေမှုနှင့် အရိုး ကုသဆောင် ပြင်ပလူနာဌာန နှင့် ခွဲစိတ်ဆောင်အကြား ရေမြောင်း ကျဉ်းမြောင်းခြင်း ကြောင့် ရေဝင်ရောက်မှု အခြေ အနေတို့ကို လိုက်လံရှင်းလင်း ပြသပြီး အတွင်းရေးမှူးက   အဆိုပါ ရေမြောင်းကိုတိုးချဲ့ ဖောက်လုပ်၍ ရေစီးဆင်းမှုပိုမို ကောင်းမွန်စေရေး ဆောင်ရွက် ရန်၊ အရိုးကုသဆောင်ဘေး ရေမြောင်းကိုလည်း တိုးချဲ့ ဖောက်လုပ်ရန်၊ မ-အရိုးကုသ ဆောင်နှင့် ကျား-အရိုးကုသ ဆောင်အကြား ရေမြောင်း များ ရေစီးဆင်းမှု ပိုမိုကောင်းမွန်‌စေ ရေး ရေမြောင်းများ ချဲ့ထွင် ဖောက်လုပ်ရန် မှာကြားသည်။

ထို့နောက် အတွင်းရေးမှူး နှင့် တာဝန်ရှိသူများသည် 

ဆေးရုံ သိုလှောင်ရုံဌာနဘေး သုနန္ဒာချောင်းသို့ စီးဆင်းသည့် ရေမြောင်းကို သွားရောက် ကြည့်ရှုပြီး အဆိုပါရေမြောင်း ရေစီးဆင်းမှု ပိုမိုကောင်းမွန် စေရေး၊ ရေမြောင်းဝန်းကျင် မြက်ပင်ချုံနွယ်များ ရှင်းလင်း ရေးနှင့် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းရေး ဆောင် ရွက်ရန် မှာကြားပြီးနောက် ဆေးရုံအတွင်းလမ်းဖြစ်သည့် သင်္ခါရလမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် အမှိုက်နှင့် မြက်ပင်ချုံနွယ်များ ရှင်းလင်း ရန်၊ ရေစီးရေလာကောင်းမွန် စေရေး ရေမြောင်းများကို စက်ယန္တရားများသွင်း၍ တိုးချဲ့ ဖောက်လုပ်ရန် မှာကြားကာ လိုအပ်သည်များကို သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။








သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ရွှေဝင်း






အခြားဆက်စပ်သတင်းများ