နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာန သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ညှိနှိုင်းဆွေးနွေး

ရန်ကုန်  ဇွန်  ၁၃

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာ ရေးဌာန၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၃) ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါက်တာငွေစန်း၊ ပြည်သူ့ကျန်းမာရေးဌာန၊ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာမြင့်သန်းထွန်း၊ ပြည်သူ့ကျန်းမာရေးဌာန ခရိုင်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မတီဝင် ဒေါက်တာငွေစန်းက အမှာ စကားပြောကြားရာ၌ "အဓိကအားဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် ကိစ္စ ရပ်များအား သိရှိစေရန် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင် ရာတွင် အဆင့်ဆင့်လုပ်ဆောင်ရမည့်ကဏ္ဍများအား အလေးထား လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်း                  များအနေဖြင့် ဝန်ထမ်းအိမ်ရာ ၇၄ ခုတွင်ပြုလုပ်ခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ တွင် လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ခဲ့သည့် နေရာကို စနစ်တကျ စာရင်းပြုစုဆောင်ရွက်ရန်ပြောကြားလိုကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပိုးလောက်လန်းနှိမ်နှင်းခြင်း၊ ခြင်နှိမ်နှင်းခြင်းနှင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျလုပ်ဆောင်ရန် လိုအပ်ကြောင်း။

ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်း များကို မြို့နယ်အလိုက် အိမ်ရာဝင်းများအပြင် စာသင်ကျောင်းများ ကိုပါ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်တွင် ခြင်ဆေးမှုတ်ခြင်းအပြင် အခြား ကာကွယ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် မှာကြားလို ကြောင်း၊ မိမိတို့လုပ်ဆောင်ခဲ့သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးလုပ်ငန်းများ၏ အကျိုးသက်ရောက်မှု အတိုင်းအတာများကို စာရင်းပြုစုထားရန် လိုအပ်ကြောင်း။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာ ရေးဌာနသည် ကျန်းမာရေးပညာရှင်များဖြင့် ဖွဲ့စည်းထားသဖြင့် ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်အလက်များ ကို စနစ်တကျ ပြုစုထားရန်လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လုပ်ဆောင် မည့် လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ပြီး အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲမှုစနစ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကအား ဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို ကျေကျေညက်ညက် သိရှိရန်နှင့် အလေးထားလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း" ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဌာန၊ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဒေါက်တာမြင့်သန်းထွန်းက ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနက ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မေအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံး အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သွေးလွန် တုပ်ကွေးရောဂါ အများဆုံးဖြစ်ပွားသည့် မြို့နယ်များ၊ သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု အသက်အပိုင်းအခြားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဌာန ခရိုင်မှူးများက ခရိုင် အလိုက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းတွင် စာသင်ကျောင်းများ ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ မြို့နယ်များအလိုက် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပက်သက်၍ ရှင်းလင်းတင်ပြကြရာ တက်ရောက် လာကြသူများက အပြန်အလှန်ဆွေးနွေးပြီး ညှိနှိုင်းဆွေးနွေးပွဲကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မေအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၃၇၇ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၇ ဦးတွင် မွေးကင်းစမှ အသက်တစ်နှစ်အထိ ၃၅ ဦး၊ အသက်နှစ်နှစ်မှ လေးနှစ်အထိ ၈၃ ဦး၊ အသက်ငါးနှစ်မှ ကိုးနှစ်အထိ ၁၅၂ ဦး၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်အထိ ၇၆ ဦး၊ အသက် ၁၅ နှစ်အထက် ၃၅ ဦး ဖြစ်ပွားခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သည် ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး မရမ်းကုန်းမြို့နယ်သည် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။








သတင်း-ရဲနန္ဒာလင်းမြင့်၊ ဓာတ်ပုံ-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ