နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဌာနခွဲ လုပ်ငန်းများဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇွန်  ၁၃

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် စည်ပင်သာယာရေးဝန်ကြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် သစ်တော လမ်းထောင့်ရှိ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၊ မော်တော်ယာဉ်ဌာနခွဲဝင်း အတွင်း လုပ်ငန်းများဆောင်ရွက် ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။

ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဌာနခွဲဝင်းအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ကော်မတီဝင်များ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာန၊ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးချိုထွန်းအောင်တို့က Air Quality Mounitoring Vehicle လေထုအရည်အသွေး တိုင်းတာ ရေးယာဉ်ဖြင့် လေထုအတွင်း အပူချိန်၊ လေဖိအား၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ နိုက်ထရိုဂျင်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ၁ မိုက်ခရွန်အရွယ်အမှုန်၊ ၂ ဒသမ ၅ မိုက်ခရွန်အရွယ် အမှုန်၊ ၁၀ မိုက်ခရွန်အရွယ် အမှုန်နှင့် အောက်ဆီဂျင်များကို တိုင်းတာ ပေးလျက်ရှိသည့် အခြေအနေ များ၊ အမှိုက်သိမ်း ဘေးတွဲ ဆိုင်ကယ်အစီးရေ ၅၀ ပြုပြင် ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ (Driving Simulator) ကွန်ပျူတာဖြင့် ယာဉ်မောင်း သင်ကြားနေမှု၊ EV ကား Training သင်တန်း သင်ကြားပို့ချနေမှု၊ ကားတစ်စီးလုံး၏ အတွင်းပိုင်း Wiring လည်ပတ်ဆောင်ရွက် ခြင်းနှင့် ကားအင်ဂျင်မှ နောက်ဘီး အထိ လည်ပတ်ဆောင်ရွက်ခြင်း သင်တန်းပို့ချနေမှုတို့ကို လိုက်လံ ရှင်းလင်းပြသကြပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။

ထို့နောက် အမှိုက်သိမ်း ဘေးတွဲဆိုင်ကယ် စီးနင်းသရုပ်ပြ မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။









ဝင်းမင်း

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ