နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
2024 US Open ဂေါက်သီးရိုက်ပြိုင်ပွဲမှ စပိန်ကစားသမား ဂျွန်ရမ်း နုတ်ထွက်

ဇွန်  ၁၃

အမေရိကန်နိုင်ငံ၊ မြောက်ကာ ရိုလိုင်းနားပြည်နယ်၌ ကျင်းပ မည့် 2024 US Open ဂေါက်သီး ရိုက်ပြိုင်ပွဲတွင် စပိန်ဂေါက်သီး ရိုပ်ကစာသမား ဂျွန်ရမ်း ပါဝင် ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

ဂျွန်ရမ်းသည် ပြိုင်ပွဲဝင်ရန် ဆန္ဒရှိနေသော်လည်း ဆရာဝန် များ၏ အကြံပြုချက်အရ ခြေဖဝါး ဒဏ်ရာကြောင့် ပြိုင်ပွဲမှနုတ် ထွက်ရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

၎င်းသည် LIV Golf အဖွဲ့ ချုပ်ဖြင့် ပူးပေါင်းခဲ့ပြီးနောက် LIV Golf တွင် အောင်မြင်မှုရယူ ထားနိုင်ခြင်း မရှိသေးသကဲ့သို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သော PGA Tour များတွင်လည်း အောင်မြင် မှုများနှင့် ဝေးကွာနေသူဖြစ်သည်။

ဂျွန်းရမ်းသည် US Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန် ပစ်မှတ် ထားနေသကဲ့သို့ ဂေါက်သီးရိုက် လောက၏ အရှိန်အဝါရှိသည့် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့်အတွက် ပြိုင်ပွဲတွင် မဖြစ်မနေ ပါဝင်ယှဉ် ပြိုင်သွားရန် ဆုံးဖြတ်ထား သော်လည်း ဒဏ်ရာအခြေအနေ မှာ အနားယူရန် လိုအပ်နေပြီး အကယ်၍ အနားမယူဘဲ ပြိုင်ပွဲ ဝင်မည်ဆိုပါက ဒဏ်ရာအခြေ အနေမှာ ကာလရှည် အနားယူ ရဖွယ်ရှိသည့်အတွက်ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။









သူရိန်






အခြားဆက်စပ်သတင်းများ