နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုက်ပ်ဇ်အသင်း တိုက်စစ်မှူး ဆက်ကိုအား ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

ဇွန်  ၁၃

အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားနေသည့် တိုက်စစ် မှူးဆက်ကိုသည် လိုက်ပ်ဇစ် အသင်းနှင့် ဆက်လက်ပူးပေါင်း ရန် ဆုံးဖြတ်ခဲ့ပြီး လာမည့် ၂၀၂၉ ခုနှစ် စာချုပ်သစ် ချုပ်ဆို ခဲ့ကြောင်း သိရသည်။

လိုက်ပ်ဇစ်အသင်းသည် ဆက်ကိုအား ဆက်လက်ထိန်းသိမ်း နိုင်ခဲ့သော်လည်း စာချုပ်ပါ သဘောတူညီချက်အရ ကစား သမားအနေဖြင့် ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၆ ခုနှစ်တွင် အသင်းမှ မိမိသဘောဆန္ဒ အလျောက် ထွက်ခွာနိုင်သည်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ တွင် တိုက်စစ်မှူး ဆက်ကိုသည် လိုက်ပ်ဇ်အသင်းနှင့်အတူ ပြိုင်ပွဲ စုံ သွင်းဂိုး ၁၈ ဂိုးထိ သွင်းယူ၍ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်အသင်းများ ဖြစ်သည့် အာဆင်နယ်အသင်း နှင့် ချဲလ်ဆီးအသင်းတို့က အပြိုင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ အာဆင်နယ်အသင်းက စာချုပ် ဖျက်သိမ်းကြေး ယူရို ၆၅ သန်း ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ  ကစားသမားအနေဖြင့် လိုက်ပ်ဇစ် အသင်းနှင့်ဆက်လက်ကစားရန် ဆုံးဖြတ် ခဲ့ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။      









သူရိန်






အခြားဆက်စပ်သတင်းများ