ရန်ကုန်၊ ဇွန် ၁၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တညင်းကုန်းစျေး စျေးသူစျေးသား များ၏ ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းသုံး ပစ္စည်းများ ပေးအပ်ခြင်းအပြင် ပညာသင်ထောက်ပံ့ကြေးပေးမည့် အစီအစဉ်လည်း ပြုလုပ်ထားကြောင်း မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) ထံက သိရသည်။
ယခုပညာသင်နှစ်တွင် ကျောင်းတက်ရန် အခက်အခဲရှိသော ဈေးသူ/ စျေးသား မိသားစုများ၏ သားသမီးများအတွက် ပညာသင် ကြေး ထောက်ပံ့ပေးမည့် အစီအစဉ်ကို အထူးအစီအစဉ်အဖြစ် ပြုလုပ်ပေးခြင်းဖြစ်ပြီး လျှောက်ထားလိုသူများသည် MAEX Admin B12 ရုံးခန်း တွင် လာရောက်စုံစမ်းလျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (MAEX)သည် တညင်းကုန်း လက်ကားဈေးကြီးမှ ဈေးသူ ဈေးသားများ၊ ကုန်တင်ကုန်ချဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများ ၏ ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူ ကလေး ၇၀၀ ကျော် ကို ၂၀၂၄-၂၀၂၅ ၊ ပညာသင်နှစ်အတွက် ကျောင်းသုံးပစ္စည်းများလည်း ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ပေးရာတွင် မူကြို (kg) တစ်ဦးလျှင် ၃၅,၀၇၅ ကျပ်စီဖြင့် ၈၂ ဦး၊ မူလတန်း Grade-1,2,3 တစ်ဦးလျှင် ၄၀,၉၅၀ ကျပ်စီဖြင့် ၂၅၇ ဦး၊ မူလတန်း Grade-4-5 တစ်ဦးလျှင် ၄၅,၇၂၅ ကျပ်စီဖြင့် ၁၄၄ ဦး၊ အလယ်တန်း Grade-6,7,8,9 တစ်ဦးလျှင် ၆၆,၃၇၅ ကျပ်စီဖြင့် ၁၆၄ ဦး၊ အထက်တန်း Grade-10,11,12 တစ်ဦးလျှင် ၇၀,၀၇၅ ကျပ်စီဖြင့် ၁၀၅ ဦး၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတစ်ဦးလျှင် ၁၅၀,၀၀၀ ကျပ်စီဖြင့် ၂၃ ဦး၊ စုစုပေါင်း ကျောင်းသား ၇၇၅ ဦးကို တန်ဖိုးငွေကျပ် ၄၁,၆၇၈,၀၇၅ ကျပ် ထောက်ပံ့ပေးထားကြောင်း သိရသည်။
(008)