နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင် ဒဏ်ရာကြောင့် ယူရိုပွဲစဉ်များကို လွဲချော်မည်

ဇွန်  ၁၂

နယ်သာလန်အသင်း  ကွင်းလယ်ကစားသမား ဖရန် ကီဒီဂျောင်သည် ခြေချင်းဝတ် ဒဏ်ရာ သက်သာခြင်းမရှိသည့် အတွက် လက်ရွေးစင်အသင်းနှင့်  ကစားရမည့် ယူရိုပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရ သည်။

ဖရန်ကီဒီဂျောင်သည် ပြီးခဲ့ သည့် ဧပြီ ၂၁ ရက်က ဘာစီလို နာအသင်းနှင့် ရီးရဲလ်မက်ဒရစ် အသင်းတို့ ကစားခဲ့သည့် ပွဲစဉ် တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ ပြီးနောက် အသင်းနှင့် လက်ကျန် ပွဲစဉ် ခြောက်ပွဲခန့် လွဲချော်ခဲ့ပြီး ယခုအချိန်ထိ ဒဏ်ရာသက်သာ လာခြင်း မရှိသေးသော်လည်း နည်းပြ ကိုးမန်းက ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်မည့် ကစားသမား ၂၆ ဦး စာရင်းတွင် ရွေးချယ်ခဲ့သည်။

သို့သော် ကစားသမားအနေ ဖြင့် ဒဏ်ရာတိုးတက်လာခြင်း မရှိဘဲ ထပ်မံအနားယူရမည်ဖြစ် သောကြောင့် ယူရိုပြိုင်ပွဲ အုပ်စု ပွဲစဉ်များကို လွဲချော်ရန် သေချာ နေပြီး နယ်သာလန်အသင်း အနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ် များရောက်ရှိပါက ပါဝင်ကစား နိုင်ဖွယ်ရှိကြောင်း နယ်သာလန် အသင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

နယ်သာလန်အသင်းအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲ ပါဝင်ကစားခဲ့ သည့် ဖရန်ကီဒီဂျောင်သည် အသင်းနှင့် ယူရိုပြိုင်ပွဲယှဉ်ပြိုင် ရန် ပစ်မှတ်ထားခဲ့ပြီး ဒဏ်ရာ ပျောက်ကင်းရန် အစွန်းကုန် ကြိုးစားခဲ့သော်လည်း ခြေချင်း ဝတ်ဒဏ်ရာမှာ အချိန်ထပ်မံယူ ရမည်ဖြစ်သောကြောင့် လက် လျော့ခဲ့ရပြီး ယူရိုပြိုင်ပွဲတွင် ပါဝင်ကစားနိုင်တော့မည်မဟုတ် ကြောင်း ၎င်း၏ လူမှုကွန်ရက် တွင် ရေးသားဖော်ပြခဲ့သည်။









သူရိန်

နယ်သာလန်အသင်းအတွက






အခြားဆက်စပ်သတင်းများ