ဇွန် ၁၀ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၁ ဦးဖြင့် အမှတ် (၆) ရပ်ကွက်၊ သိမ်ဖြူလမ်းအရှေ့ဘက်ခြမ်း (ကမ်းနားလမ်းနှင့် ကုန်သည်လမ်း ကြား) အုတ်ရေမြောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ရေဆင်းဖြတ်မြောင်း နှာပေါက်များအတွင်း နှင့် လမ်းသားနှင့် လူသွားစင်္ကြံအကြား အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်း၍ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
ယဉ်မွန်