နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်နောက်ဖေး ဈေးဆိုင်တည်

ယနေ့အခြေအနေတွင် ဟင်းသီး၊ ဟင်းရွက်သီးနှံများ ဈေး မြင့်နေကြောင်း အိမ်ရှင်မတိုင်း ညည်းတွားနေကြသည်။ မိမိတို့ နေ့စဉ်စားသောက်နေကြရသည့် အစားအစာများတွင် ကျန်းမာ‌ရေး နှင့် ညီညွတ်မျှတစေရန် လိုအပ်ချက်အရ ဟင်းသီးဟင်းရွက်များ မပါမဖြစ် ပါကြရသည်။ ဟင်းသီးဟင်းရွက်တစ်မျိုးစီတိုင်းတွင် ဗီတာမင် အာဟာရဓာတ်များ မတူကွဲပြားစွာ ပါရှိနေသည့်အတွက် အာဟာရစုံလင်အောင် နေ့စဉ်စားသုံးနိုင်ကြရန်လည်း လိုသည်။

ခေတ်ကာလအလျောက် ဟင်းသီးဟင်းရွက်များကို ဝယ်ယူ စားသောက်လာကြရသည့်အခါ အာဟာရဖြစ်မဖြစ်ဆိုသည်ထက် ဘေးအန္တရာယ်မဖြစ်စေရန် ဂရုပြုလာကြရသည်။ ဟင်းသီးဟင်းရွက် များ စိုက်ပျိုးထုတ်လုပ်ကြရာတွင် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေး များ သုံးစွဲခြင်း၊ အပင်ကြီးထွားရေး၊ အသီးအနှံများ ကြီးထွားရေးတို့ အတွက် ဟော်မုန်းဆေးများ သုံးစွဲခြင်း၊ သစ်သီးများ အရောင်လှရန်၊ ချက်ချင်းမှည့်စေရန် ဆေးများသုံးစွဲခြင်းစသည့် နည်းလမ်းများကို သုံးစွဲကြရာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ သီးနှံများ ကျန်းမာရေး ထိခိုက်နိုင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ပါရှိလာသည်။ 

မိုးဦးကာလဖြစ်သော ဝါဆိုလတွင် မြေသားတို့က နူးအိနေရာ ရာသီအလိုက် ဘူး၊ ပဲတောင့်ရှည်၊ ကြက်ဟင်းခါး၊ ချဉ်ပေါင်၊ ငရုတ် တို့ စသည်ဖြင့် စိုက်ပျိုးရန်အသင့်တော်နေသည်။ အိမ်နောက်ဘက် နှင့် မြေပိုကွက်လပ်များတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးကြရန် ရှေးယခင်က အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်ပါဆိုရိုးစကား ရှိခဲ့သော်လည်း စိုက်ပျိုးကြသည့် ဓလေ့ရှားပါးလာသည်။ ကိုယ်တိုင် စိုက်၊ ကိုယ်တိုင်စားခဲ့ကြသည့် ဓလေ့များ ပျောက်ကွယ်လာသည်။ 

အိမ်ပတ်လည် မြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင် ဟင်းသီး ဟင်းရွက်ပင်များ စိုက်ပျိုးခြင်းဖြင့် သန့်ရှင်းလတ်ဆတ်၍ ဘေး အန္တရာယ်ကင်းသော အာဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်များ ရရှိခြင်း၊ ငွေကုန်ကြေးကျ လျှော့ချနိုင်ခြင်း၊ မိသားစုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ညီညွတ်မှုနှင့် ပျော်ရွှင်မှု ရရှိစေနိုင်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရပါ ကောင်းမွန်စေနိုင်သည်။ 

ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်စားနိုင်သည့် ဟင်းသီးဟင်းရွက် များ မိသားစုအလိုက် စိုက်ပျိုးခြင်းဖြင့် ဈေးသုံးလည်းမကြွယ်ဘဲ အာဟာရပြည့်ဝစွာ  စားသုံးနိုင်သည့်  အကျိုးကျေးဇူးများရရှိ ခံစားနိုင်စေရန် အိမ်တိုင်းမြေကွက်လပ်များတွင် စိုက်ပျိုးစေချင် ကြောင်း။       






အခြားဆက်စပ်သတင်းများ