နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဆိုင်ရာစွမ်းရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃) ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၂

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ပြ စီမံကိန်းဌာနက မြို့ပြစီမံကိန်း ဆိုင်ရာ အသိပညာများတိုးပွား စေရန် ရည်ရွယ်၍ မြို့ပြစီမံ ကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင် မှုသင်တန်း အမှတ်စဉ် (၃) ကို ယမန်နေ့နံနက် ၁၀ နာရီ က မြို့တော်ခန်းမ ပထမထပ် ရှိ အစည်းအဝေးခန်းမ (၂) ၌ ဖွင့်လှစ်ရာ  မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ် က Urban ၊ Regional Planning Urban Management ခေါင်းစဉ်ဖြင့် မြို့ပြအခြေခံ အဆောက်အအုံများ၊ ရေပေးဝေ ရေးနှင့် ရေဆိုးစွန့်ပစ်မှု၊ ရေမီတာကောက်ခံမှုစနစ်များ၊ မြို့ပြလူနေမှုစနစ်တွင် ပါဝင်  သည့် ရေမြောင်းများစနစ်တကျ တည်ဆောက်ရန် လိုအပ်သည့်  အကြောင်းအရာများ၊ ရေစီး ရေလာ ကောင်းမွန်စေရေး ရေတံခါးများ၏ အခန်းကဏ္ဍ အရေးကြီးမှု၊ မြို့ပြလူနေမှု စနစ်တွင် သန့်စင်ခန်းများ၏ အညစ်အကြေးစွန့်ပိုက်များ စနစ်တကျသွယ်တန်းထားရှိရန် လိုအပ်မှုအကြောင်းအရာများ၊ သန့်စင်ခန်းမှ ထွက်ရှိသည့်  အညစ်အကြေးများကို အရည် နှင့်အနည်အနှစ်များ စနစ်တကျ ဖြစ်စေရန် ကန်တည်ဆောက်မှု ပုံစံတွက်ချက်မှု အကြောင်း အရာများကို ပို့ချသင်ကြား ပေးသည်။

မြို့ပြစီမံကိန်းဆိုင်ရာ စွမ်းရည် မြှင့်တင်မှု သင်တန်းတွင် Urban၊ Regional Planning Urban Management ကို ဒေါက်တာ ကျော်လတ်၊ ဒေါ်အေးအေးမြင့်၊ ဦးဇော်ဇော်အေး၊ ဂျာမနီနိုင်ငံ Cologne University,  Professor Dr, Frauke Kraas တို့ကလည်းကောင်း၊ IT Concept ကို ဒေါက်တာ မြင့်သူဇာထွန်း ကလည်းကောင်း၊ Environment Policy and Management ကို ဒေါက်တာ အောင်မြင့်မော်ကလည်းကောင်း၊ Urban Socio-Economics ကို ဒေါက်တာနီလာမြင့်ထူးက လည်းကောင်း၊ Water Supply System ကို ဒေါ်သန်းသန်းစိုး ကလည်းကောင်း၊ Drainage System ကို ဦးကျော်မိုးက လည်းကောင်း၊ Traffic Assement Transportation ကို ဒေါက်တာဒေါ်ကြိုင်က လည်းကောင်း၊ Transportation Planning ကို ဦးဉာဏ်သာက လည်းကောင်း၊ Urban Design ကို ဒေါက်တာကေခိုင်ရဲမြင့်က လည်းကောင်း၊ Housing Development ကို ဦးစိုင်းသက် နိုင်မိုးကလည်းကောင်း ပို့ချ သင်ကြားပေးမည်ဖြစ်သည်။

မြို့ပြစီမံကိန်းဌာနက မြို့ပြ စီမံကိန်းဆိုင်ရာ စွမ်းရည် မြှင့်တင်မှုသင်တန်းများကို ၂၀၂၂ ခုနှစ်မှ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယခုမြို့ပြစီမံ ကိန်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှု သင်တန်း အမှတ်စဉ် (၃)သို့ ရန်ကုန်မြို့တော်စည်ပင်  သာယာ‌ရေးကော်မတီ မြို့ပြ စီမံကိန်းဌာန၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံ ခန့်ခွဲမှု)၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ အင်ဂျင် နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊  မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနနှင့်  မြို့ပြမြေစီမံခန့်ခွဲမှုဌာနတို့မှ သင်တန်းသား/ သင်တန်းသူ ၂၆ ဦး တက်ရောက်ကြပြီး ဇွန် ၄ ရက်မှ ဩဂုတ် ၂၉ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ပြ စီမံကိန်းဌာနသည် မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းများ ဆောင်ရွက်ရန် ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ကုမ္ပဏီများကအဆိုပြု တင်ပြလာသည့် စီမံကိန်း လုပ်ငန်းများကို စိစစ်ခွင့်ပြုခြင်း၊ မြို့ပြစီမံကိန်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ ရေးဆွဲခြင်း၊ မြို့တော်ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ပညာရှင်များနှင့် ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။







သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ