နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အခြေခံအမျိုးသမီးယာဉ်မောင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်

ရန်ကုန် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် သစ်တောလမ်းထောင့်ရှိ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ မော်တော်ယာဉ်ဌာနခွဲ သင်တန်းခန်းမ၌ဖွင့်လှစ်သည့် အခြေခံအမျိုးသမီးယာဉ်မောင်း သင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ သင်တန်းနည်းပြများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်း သူများ တက်ရောက်ကြပြီး မြို့တော်ဝန်က အမှာစကားပြောကြား ရာတွင် “ယနေ့သင်တန်းကို အမှိုက်သိမ်းယာဉ်များ သက်တမ်း ကြာရှည်စွာသုံးစွဲနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ထိန်းသိမ်း မောင်းနှင်ရေး အသိပညာပေးရန်၊ ဌာနမှသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများနှင့်အညီ ယာဉ်များကို စနစ်တကျ မောင်းနှင် အသုံးပြုတတ်စေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း များကို အမြဲသတိပြု လိုက်နာမောင်းနှင်တတ်စေရန်နှင့် ယာဉ်မောင်းကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးပြီး ယာဉ်တွင်ပါရှိသည့် ဟိုက်ဒြောလစ်စနစ်များကို နည်းစနစ် မှန်ကန်စွာ  ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် ဆီ၊ ရေ၊ လေ၊ ဝိုင်ကို နေ့စဉ်ဂရုပြုစစ်ဆေးခြင်းဖြင့် ကြီးမားသည့် ယာဉ်ပျက်စီး မှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဘာသာရပ်၊ ယာဉ်မောင်းနှင်ထိန်းသိမ်းခြင်း ဘာသာရပ်၊ အခြေခံစက်ပြင် ဘာသာရပ်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဘာသာရပ်များ ကို မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက ခရိုင်ချုပ်များ၊ ခရိုင်မှူးများ၊ အင်ဂျင်နီယာများနှင့် ဌာနရှိတာဝန် ရှိသူအားလုံး ဝိုင်းဝန်းသင်ကြားသွားမည်ဖြစ်ကြောင်း၊ သင်တန်း တွင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သန့်ရှင်းရေးအမျိုးသမီးများအနက် အမှိုက်သိမ်းယာဉ်မောင်းနှင် ခြင်းကို စိတ်ဝင်စားသူများအား ရွေးချယ်ပြီး ယာဉ်မောင်းများအဖြစ် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သဖြင့် သင်တန်းတွင်ပို့ချသည့် သင်ခန်းစာများကို သေချာစွာ လိုက်နာသင်ယူကြပြီး သင်တန်းသူ များအနေဖြင့် ယာဉ်မောင်း တာဝန်သာမကဘဲ မိမိယာဉ်ပေါ်တွင် ပါလာသည့်အမှိုက်များကို လမ်းများပေါ်တွင် ကျကျန်ရစ်ခြင်း မရှိစေရန် သတိပြုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမှိုက် များကို နေ့စဉ်ကိုင်တွယ်နေရသောကြောင့် မိမိတို့ကျန်းမာရေး အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ဆောင်ရွက် သွားကြရန် တိုက်တွန်းပါကြောင်း” မှာကြားသည်။ 

အဆိုပါသင်တန်းသို့ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်း‌ရေးဌာန သန့်ရှင်းရေးဝန်ထမ်း သင်တန်းသူ ၃၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်မည်ဖြစ်သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဝင်းအတွင်း Air Quality Monitoring Vehicle လေထု အရည်အသွေးတိုင်းတာရေးယာဉ် ဆောင်ရွက်ထားရှိမှု၊ အမှိုက်သိမ်းဘေးတွဲဆိုင်ကယ်များ ပြုပြင် ထားရှိမှုနှင့် Komatsu Wheel Loader ယာဉ်ယန္တရားကြီးများ ပြုပြင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 အဆိုပါ Air Quality Monitoring Vehicle လေထုအရည် အသွေးတိုင်းတာရေးယာဉ်သည် လေထုအတွင်း အပူချိန်၊ လေဖိအား၊ ကာဗွန်ဒိုင် အောက်ဆိုဒ်၊ နိုက်ဒရိုဂျင်၊ ဆာလဖာဒိုင်အောက် ဆိုဒ်၊ ၁ မိုက်ခရွန် အရွယ်အမှုန့်၊ ၂ ဒသမ ၅ မိုက်ခရွန်အရွယ်အမှုန့်၊ ၁၀ မိုက်ခရွန်အရွယ်အမှုန့်နှင့် အောက်ဆီဂျင်များကို တိုင်းတာပေး ကြောင်း သိရသည်။                 








 သတင်း-မိုးဝေ

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ