နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မြို့တော်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ စစ်ဆေး

ရန်ကုန် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး  စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် တာဝန်ရှိသူများလိုက်ပါ လျက် ယနေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့် မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်မင်းရောင် လမ်းထောင့်တွင် ဗိုလ်မင်းရောင် မြောင်း ရေစီးရေလာကောင်းမွန် ရန် ဆောင်ရွက်နေမှု၊ အလုံ မြို့နယ်၊ အောက်ကြည့်မြင်တိုင် လမ်းနှင့် သစ်တောလမ်းထောင့်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းများ အတွင်း အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်      များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ သိမ်ဖြူ လမ်းနှင့် ဗိုလ်မင်းရောင် လမ်းထောင့်တွင် ဗိုလ်တထောင် ခရိုင်စည်ပင်သာယာ အုပ်ချုပ် ရေးမှူးဦးစီး၍ စည်ပင်သာယာ ဝန်ထမ်းအင်အား ၁၀၀ ဦးဖြင့် ဗိုလ်မင်းရောင်မြောင်း ရေစီး ရေလာကောင်းမွန်စေရေး Excavator ယန္တရားယာဉ်အသုံး ပြု၍ ပိတ်ဆို့နုန်းအမှိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ ဖြတ်မြောင်း များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲနှင့် မြောင်းချေးများ ရှင်းလင်းခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက အလုံ မြို့နယ်၊ အောက်ကြည့်မြင်တိုင် လမ်းနှင့် သစ်တောလမ်းထောင့် ရှိ လျှပ်စစ်မီးကြိုးနှင့်မလွတ်ကင်း သည့် အန္တရာယ်ရှိသစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း လုပ်ငန်းများနှင့် စောရန်ပိုင်အနောက်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သစ်ပင် အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေး အထူးဂရုပြုဆောင်ရွက် သွားရန် မှာကြားကာလိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။








သတင်း-မိုးဝေ 

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ