နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ မိသားစုမှ လှူဒါန်းသည့် လူထုသိပ္ပံကျမ်းအတွဲ (၄/၅) စာအုပ် ၃၀၀၀ ကို နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ ပေးအပ်လှူဒါန်း

ရန်ကုန်  ဇွန်  ၁၂

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့် တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်း၊ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

သီဆိုဖျော်ဖြေ

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ပညာဘဏ် တိုက် စာကြည့်တိုက်သို့ သွားကြစို့" သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် "လူထုသိပ္ပံကျမ်းများ လှူဒါန်းမှုမှသည် စာဖတ်ရှိန်မြှင့်တင်ရေး" သို့ ဗီဒီယိုကလစ်ကို ပြသသည်။

ယင်းနောက် မြန်မာနိုင်ငံ စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြစ် သည့် စာဖတ်ရှိန်မြှင့်တင်ရေးကဏ္ဍတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစုက စာအုပ်စာစောင်များ လှူဒါန်းသည့် အခမ်းအနားဖြစ် ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလွှာအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုကို ဝမ်းမြောက်မိပါကြောင်း၊ ယနေ့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် AI နည်းပညာ သည် နေ့စဉ်နှင့်အမျှ တိုးတက်နေပြီး လူငယ်များ အကျိုးရှိစေသည့် အတွက် သိပ္ပံနည်းပညာနှင့် အသိပညာစာအုပ် စာစောင်များကို နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်ပိုင်ငွေဖြင့် လှူဒါန်းခြင်းဖြစ်ပါကြောင်း။

ဆက်လက်ကြိုးစား

စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သားတို့ သမီးတို့အနေဖြင့် နေ့စဉ် စာဖတ်ရာ၌ စာအစုံကိုလည်း ဖတ်ရှုရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ လှူဒါန်းသည့် လူထုသိပ္ပံကျမ်းကို ဖတ်ရှုခြင်းဖြင့် နောင် တစ်ချိန်တွင် ခေတ်မီနည်းပညာများကို နားလည်တတ်ကျွမ်း၍ နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးစားသွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ပေးအပ်လှူဒါန်း

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် လူထုသိပ္ပံကျမ်း အတွဲ (၄) နှင့် အတွဲ (၅) စာအုပ် ၃၀၀၀ ကို အလှူရှင်များကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၂၅ တိုက်သို့ စာအုပ် ၂၅၀ ကိုလည်းကောင်း၊ တပ်မတော်ဌာနချုပ် များ၊ တပ်ရင်း၊ တပ်ဖွဲ့ စာကြည့်တိုက်များအတွက် စာအုပ် ၁၀၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ် ၁၇၅၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူ များက လက်ခံရယူကြသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၂၅ တိုက်သို့ လူထုသိပ္ပံကျမ်း အတွဲ (၄) နှင့် အတွဲ (၅) စာအုပ် ၂၅၀ အား ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်က လက်ခံရယူသည်။

ကျေးဇူးတင်မုဒိတာစကား ပြောကြား

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း နာယက ဦးကျော်ဆန်းက ကျေးဇူးတင်မုဒိတာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း (စာရေးဆရာ မောင်ကျောက်ခဲ)က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ကို ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ က "ဘက်စုံပညာရည် တို့လှမ်းချီ" သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက "အနာဂတ် မြန်မာသို့" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်သည်။








CN/MNA






အခြားဆက်စပ်သတင်းများ