နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
French Open တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆု အယ်ကာရက်ဇ် ဆွတ်ခူး

ဇွန်  ၁၁

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် French Open အမျိုးသားတစ်ဦးချင်း တင်းနစ် ပြိုင်ပွဲ ချန်ပီယံဆုကို စပိန်တင်း နစ်ကစားသမား အယ်ကာရက်ဇ် က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရ သည်။

အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲ စဉ်တွင် စပိန်တင်းနစ်ကစား သမား အယ်ကာရက်ဇ်က ဂျာမနီ တင်းနစ်ကစားသမား ဇီရက်ဇ် ကို (၆-၃၊ ၂-၆၊ ၅-၇၊ ၆-၁၊ ၆-၂) ရလဒ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် သည်။

အယ်ကာရက်ဇ်အတွက် ကစားသမားဘဝ သက်တမ်း တစ်လျှောက် French Open တင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆု အား ပထမဦးဆုံးအကြိမ်ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ပြီး ကစားသမား ဘဝ သက်တမ်းတစ်လျှောက် ဂရန်းစလန်းဆုဖလားအား သုံး လုံးမြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း လည်းဖြစ်သည်။

ထို့ပြင် အသက် ၂၁ နှစ် အရွယ်သာရှိသေးသည့် အယ်ကာ ရက်ဇ်သည် မတူညီသော ကွင်း အမျိုးအစားတွင် ဂရန်းစလန်း ချန်ပီယံဆုဖလား သုံးလုံးကို ဆွတ်ခူးနိုင်ခဲ့သည့် အသက် အငယ်ဆုံး ကစားသမားအဖြစ် လည်း မှတ်တမ်းဝင်ခဲ့သည်။








သူရိန်






အခြားဆက်စပ်သတင်းများ