နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုက်အသင်း ကွင်းလယ်ကစားသမား သူရမ်ကို ခေါ်ယူရန် မန်ယူအသင်း ပြင်ဆင်

ဇွန်  ၁၁

မန်ယူအသင်းက လာမည့် နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် ကစားသမား အပြောင်းအလဲကြီးကြီးမားမား လုပ်ဆောင်ရန် ပြင်ဆင်နေပြီး လိုအပ်ချက်များရှိနေသည့် အသင်း  ကွင်းလယ်ပိုင်းအတွက် နိုက်အသင်း မှ သူရမ်ကို ခေါ်ယူရန် ပစ်မှတ် ထားနေကြောင်း သိရသည်။

လက်ရှိ မန်ယူအသင်း ကွင်းလယ်ပိုင်းမှ ကက်စ်မဲရိုးနှင့် အဲရစ်ဆင်တို့မှာ လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင် အသင်းမှ ထွက်ခွာ ရန် နီးစပ်နေသကဲ့သို့ အငှား ခေါ်ယူထားသည့် အမ်မရာဘတ်  ကိုလည်း ဖီအိုရင်တီးနားအသင်း ထံ ပြန်လည်စေလွှတ်မည်ဖြစ် သည့်အတွက် ကစားသမားသစ် များ ခေါ်ယူရန် စတင်ပြင်ဆင် နေပြီး သူရမ်နှင့် အစားထိုးရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

ထို့ပြင် တွမ်မီနေးသည်လည်း အသင်းနှင့် အနာဂတ် မရေမရာ ဖြစ်နေသည့်အတွက် ကွင်းလယ် အဖျက်နေရာတွင် လူငယ်ကစား  သမား ကိုဘီမိုင်နူးသာ ကျန်ရှိ နိုင်သောကြောင့် နောက်ထပ် ကွင်းလယ်ကစားသမား တစ်ဦး ကို ရှိဖွေနေခြင်းဖြစ်သည်။

အသက် ၂၃ နှစ်ရှိ သူရမ် သည် ယခုနှစ် ဘောလုံးရာသီတွင် နိုက်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်း၏ ဗဟိုကွင်းလယ်ပိုင်းနှင့် ကွင်းလယ် ခံစစ်နေရာတွင် အကောင်းဆုံး ကစားနိုင်သူဖြစ်သည့်အတွက် မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။









သူရိန်






အခြားဆက်စပ်သတင်းများ