နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံ ဖိနပ်လုပ်ငန်းရှင်များ (ဗဟို) အဖွဲ့ချုပ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်၊ ဇွန် ၁၁

မြန်မာနိုင်ငံ ဖိနပ်လုပ်ငန်းရှင်များ(ဗဟို)အဖွဲ့ချုပ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းရှိ အဆိုပါအဖွဲ့ချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံဖိနပ်လုပ်ငန်း ရှင်များ(ဗဟို)အဖွဲ့ချုပ် နာယကများ၊  ဥက္ကဋ္ဌနှင့်အမှုဆောင်များ တိုင်း ဒေသကြီးနှင့်ပြည်နယ်များမှ ဥက္ကဋ္ဌနှင့်အမှုဆောင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ဗဟိုအဖွဲ့ချုပ်နာယကချုပ် ဦးကြည်သိန်းက အဖွင့်အမှာ စကားပြောကြားပြီး ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကံညွန့်က အစည်းအဝေး ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင် ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် မူလအတွင်းရေးမှူးနေရာအား  စိစစ်ပြန်လည်ရွေးချယ် ကြပြီး  ဗဟိုအဖွဲ့ချုပ်နာယက  ဦးမျိုးသန့်က နိဂုံးချုပ်အမှာစကား ပြန်လည်ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းသည်။ 








AMH(City News)






အခြားဆက်စပ်သတင်းများ