ရန်ကုန်၊ ဇွန် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနေဖြင့် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်လမ်းများကို တစ်နေရာတည်းတွင် ရိုက်ကူးထုတ်လုပ်နိုင်မည့် ရုပ်ရှင်မြို့တော်တည်ဆောက်ရေး ကိစ္စများ အတွက် လုပ်ငန်းရှင်များကို ဖိတ်ခေါ်နေကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက သိရသည်။
ရုပ်ရှင်မြို့တော်တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြောင်းအမျိုး မျိုးကြောင့် ရပ်နားခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်ကတည်းက မြေနေရာရှင်းလင်းခြင်း၊ ကားပတ်လမ်း လုပ်ဆောင်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ခြံစည်းရိုးခတ်ခြင်းစသည်တို့ကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပြန်လည် တည်ဆောက်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်မြို့တော်တည်ဆောက်ပြီးစီးပါက ရုပ်ရှင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး အလွှာအသီးသီးရှိ ရုပ်ရှင်လောကသားများ အတွက်လည်း အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်မြို့တော်ကို ရန်ကုန် - မန္တလေး အမြန်လမ်းသစ်၊ လှည်းကူး မြို့နယ်၊ မိုင် ၂၀ နှင့် ၃ ဖာလုံ ဝဲဘက်ခြမ်းရှိ မြေဧက ၂၀၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။
(008)